Follow Us

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာ အမျိုးသမီးအပ်ချုပ်သင်တန်းဖွင့်ပွဲနှင့်စာသင်ကျောင်းများလှည့်လည်စစ်ဆေး

Mon, 11/07/2016 - 18:20

ထားဝယ် နိုဝင်ဘာ ၇

(၇.၁၁.၂၀၁၆)ရက်နေ့ နံနက်(၀၉၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး၊ တိုင်းဒေသကြီး ပညာရေးမှူးတို့ပါဝင်သောအဖွဲ့သည် သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာအုပ်စု၊ ညောင်ဇင် ကျေးရွာ၊ ကျေးရွာစာကြည့်တိုက်၌ (၇.၁၁.၂၀၁၆ မှ ၆.၁.၂၀၁၇) အထိ (၂)လအကြာ သင်ကြား ပေးမည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်း   အမျိုးသမီးအပ်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။

          အဆိုပါအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ အမှာစကားပြောကြားခြင်း၊ တိုင်းဦးစီးမှူး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

          ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၁၀၀၀)နာရီအချိန်တွင် ကျောက်လှေကားကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ ရောက်ရှိ စစ်ဆေးခဲ့ပြီး ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ နှင့်တွေ့ဆုံ၍ ကျောင်းသုံးဗလာစာအုပ်ဒါဇင်(၄၀) လှူဒါန်းခဲ့ပါသည်။ (၁၀၃၅)နာရီအချိန်တွင် စော်ဖျားကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ ရောက်ရှိ စစ်ဆေးခဲ့ပြီး ကျောင်းသုံးဗလာစာအုပ်ဒါဇင် (၁၀၀) လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

          ဆက်လက်၍ (၁၂၀၀) နာရီအချိန်တွင် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်ဇင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူ များနှင့်တွေ့ဆုံပြီး  ပညာရည်မြင့်မားရေး၊ (၁၀)တန်းအောင်ချက်မြင့်မားရေး ကိစ္စရပ် များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။