Follow Us

ရှေးဟောင်းသမိုင်းဝင် ဗူးဘုရားစေတီတော်တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

Mon, 11/07/2016 - 16:30

မြိတ် နိုဝင်ဘာ ၅

         မြိတ်မြို့၊ တလိုင်းစုရပ်ကွက် ဝတ်တိုက်ကျောင်းလမ်းရှိ နှစ်ပေါင်း(၁၇၇)နှစ် သက်တမ်းရှိ ရှေးဟောင်း သမို်င်းဝင် ဗူးဘုရားစေတီတော်တွင် နိုဝင်ဘာလ(၅)ရက် နံနက်(၇)နာရီက  ဗူးဘုရားစေတီတော်ရင်ပြင်နှင့် ဘုရားပရဝုဏ်အတွင်း သန့်ရှင်းသာယာရေးအတွက် မြိတ်ခရိုင်အုပ် ချုပ်ရေးမှူး ဦးလင်းကိုကိုဦးဆောင်၍ ဌာနဆို်င်ရာဝန်ထမ်းများ၊ ပြည်သူများက စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
        စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ဘုရားပရဝုဏ်အတွင်းချုံနွယ်များ၊ အမှိုက်များ ရှင်းလင်းဖယ်ရှားခြင်း၊ စေတီတော်အား ရေသပ္ပါယ်ခြင်း၊ ဘုရားရင်ပြင်အား သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ရင်ပြင်နံရံတို့အား ဆေးသုတ်ခြင်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနဝန်ထမ်းများ၊ ပြည်သူများ စုစုပေါင်း (၂၀၀)ဦးခန့် စုပေါင်းကာဆောင်ရွက်ခဲ့ကြသည်။ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသူများအား သူများအား မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ ကောက်ညှင်းပေါင်း၊ အကြော်စုံ၊ ရေသန့်ဗူးတို့ဖြင့် ကျွေးမွေးခဲ့ကြောင်း သိရသည်။

ရေးသားပေးပို့သူ - ခိုင်ထူး ( မြိတ် ပြန်/ဆက် )