Follow Us

ထားဝယ်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ စံပြစပါးကွက်အားသွားရောက်ကြည့်ရှု

Mon, 11/07/2016 - 11:15


ထားဝယ် နိုဝင်ဘာ ၇
၆.၁၁.၂၀၁၆ရက်နေ့ (၀၉၀၀)နာရီအချိန် ထားဝယ်မြို့၊ ကျောက်မော်ရပ်ကွက်၊ ကျောက် မော်ကွင်း၊ ကွင်းအမှတ်-၆၀ ဦးပိုင်အမှတ်-၄၄ လယ်မြေ(၀.၁၀)ဧကတွင် အကျဉ်းဦးစီးဌာနမှ စိုက်ပျိုးသော စပါးမျိုး-ကျော်ဇေယျ တစ်ဧကထွက်နှုန်း(၈၉.၈) စံပြစပါးရိတ်သိမ်းကွက်အား မြို့ နယ်အုပ်ချုပ်ရေးမှူးဦးလင်းသန့်၊ တိုင်း၊ခရိုင်၊မြို့နယ် မြေစာရင်းဦးစီးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ အကျဉ်းဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ သွားရောက်ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သတင်းရှိပါသည်။