Follow Us

တိုင်းဒေသကြီး ဝန်ကြီးချုပ် လောင်းလုံးမြိုနယ်၊ တီဇစ်ကျေးရွာ ဒေသခံများနှင့် တွေ့ဆုံ

Mon, 11/07/2016 - 11:01


လောင်းလုံး နိုဝင်ဘာ ၇

၆.၁၁.၂၀၁၆ရက် နေ့လည်(၁း၄၅)နာရီအချိန် လောင်းလုံးမြို့နယ် တီဇစ်ကျေးရွာသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာဒေါ်လဲ့လဲ့မော်နှင့်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူးဦးသိန်းအောင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသက်နိုင်စိုး၊ ဦးအောင်ဝင်း၊ ပြည်သူ့လွှတ်တော်လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စန္ဒီတို့အား တီဇစ်ကျေးရွာ မူလတန်းလွန်ကျောင်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးအေးလူမှ ကြိုဆိုခဲ့ပြီး ဒေသခံပြည်သူ၂ဝဝဦးခန့်နှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင်ဝန်ကြီးချုပ်မှ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာမှု နယ်မြေဒေသလုံခြုံရေးနှင့် ဒေသခံပြည်သူများ၏ ဆန္ဒကိုသိလို၍ လာရောက်ရကြောင်း ရှင်းလင်းပြောကြားဆွေးနွေးခဲ့ပြီး ဒေသခံများမှ ပြန်လည် ဆွေးနွေးတင်ပြခဲ့ကြပါသည်။ ဆက်လက်၍ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ လွှတ်တော် ကိုယ်စားလှယ်များသည် တီဇစ်ကျေးရွာ ဖိုးလမော်ကမ်းခြေသို့သွားရောက်၍ ကမ်းခြေသာယာလှပရေးနှင့် ဖိုးလမော်ကမ်းခြေ စာသင်ဆောင်အားကြည့်ရှု့ပြီး နေ့လည် (၂း၄၅)တွင် ထားဝယ်မြို့သို့ပြန်လည်ထွက်ခွာသွားခဲ့ကြောင်းသတင်း ရရှိပါသည်။