Follow Us

သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေလျော့နည်းရေးအတွက် လက်တွေ့ဇာတ်တိုက်လေ့ကျင့်

Sat, 11/05/2016 - 12:53

လောင်းလုံး နိုဝင်ဘာ ၅

      (၄.၁၁.၂၀၁၆)ရက်နေ့(၀၉၀၀) အချိန်၊် လောင်းလုံးမြို့နယ် ပညစ်ကျေးရွာအုပ်စု ပညစ်ကျေးရွာတွင် သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေလျော့နည်းရေးအတွက် လက်တွေ့ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်ခြင်း အခမ်းအနားကို ကျင်းပခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူး ဦးရဲသူရိန်ခင်မောင်ရီ၊ တိုင်းလူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူးဦးအေးလ၊ူ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ၊် ကြက်ခြေနီ၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာ၊ ရပ်/ကျေး အထောက်အကူပြုအဖွဲ့များနှင့် ဒေသခံကျေးရွာသူ/သားများ စုစုပေါင်း(၂၅၀)ခန့် ပူးပေါင်းပါဝင်ဇာတ်တိုက် လေ့ကျင့်မှုပြုလုပ်ကြပါသည်။ ဇာတ်တိုက်လေ့ကျင်မှုပြုလုပ်ပြီးနောက် ကယ်ဆယ်ရေးစခန်းတွင် မြေပြိုမှုအပါအဝင် သဘာဝဘေးနှင့်ပတ်သက်သည့် အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။