Follow Us

လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ ကော့သောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လုံခြုံရေးဆိုင်ရာ တပ်ဖွဲ့/ဌာနတာဝန်ရှိသူများနှင့် တွေ့ဆုံ

Sat, 11/05/2016 - 12:03

ကော့သောင်း    နိုဝင်ဘာ ၅

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်လွင်သည် (၄.၁၁.၂၀၁၆)ရက်နေ့ (၁၀၀၀)အချိန်မှ (၁၁၀၀)အချိန်ထိ ကော့သောင်းမြို့နယ် ဘုရင့်နောင်ရဲရိပ်သာ၌ အဏ္ဏဝါရပ်ကွက်အုပ်ချုပ်ရေးမှူးပါဝင်သော ကော့သောင်းမြို့ပေါ်(၁၀)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ နှင့်လည်းကောင်း၊ (၁၁၀၀)အချိန်မှ(၁၂၀၀)အချိန်ထိ ကော့သောင်းခရိုင် ရဲတပ်ဖွဲ့မှူး၊ ရေကြောင်း ရဲတပ်ဖွဲ့စုမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ အမှတ်(၃၄) မူးယစ်တပ်ဖွဲ့စုမှူး၊ အထူးစုံစမ်းစစ်ဆေးရေး လက်ထောက်ညွှန်ကြားရေးမှူး၊ လေကြောင်းရဲတပ်ဖွဲ့စုမှူး၊ အမှတ်(၅၅၅) သတင်းရဲတပ်ဖွဲ့စုမှူး၊ အမှတ်(၃)မှုခင်းရဲတပ်ဖွဲ့စိတ်မှူးနှင့် လူကုန်တားရဲတပ်ဖွဲ့စိတ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။