Follow Us

လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ ခမောက်ကြီးမြို့အတွင်း ကွင်းဆင်းစစ်ဆေး

Sat, 11/05/2016 - 12:01

ခမောက်ကြီး နိုဝင်ဘာ ၅

        တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်လွင်သည် (၃.၁၁.၂၀၁၆) ရက်နေ့ (၀၉၀၀)အချိန်တွင် ခရိုင်ရဲမှူး(ကော့သောင်း) ဒုတိယ ရဲမှူးကြီးမြတ်အောင် လိုက်ပါလျက် ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့သို့ ရောက်ရှိပြီး အမှတ်(၄) ရပ်ကွက်ရှိ ကျေးရွာချင်းဆက် သစ်သားတံတားအခြေအနေအား ကြည့်ရှုစစ်ဆေးခြင်း၊ ခမောက်ကြီးမြို့၊ မီးသတ်ဦးစီးဌာနရုံးသို့ ရောက်ရှိပြီး မီးသတ်ယာဉ်များအား ကြည့်ရှုစစ်ဆေးခြင်း၊ မလိဝမ်းရေဆိပ်၊ ချန်းဖန်းမူလွန်ကျောင်းများသို့ရောက်ရှိခဲ့ပြီး ကြည့်ရှုစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ဆက်လက်၍ ကော့သောင်းခရိုင် မီးသတ်ဦးစီးဌာနရုံးသို့ ရောက်ရှိခဲ့ပြီး မီးသတ်ယာဉ်များ အသင့်ရှိ/မရှိနှင့် မီးသတ်ရေကန်တို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။