
ထားဝယ် အောက်တိုဘာ ၃၁
(၃၁.၁၀.၂၀၁၆)ရက်နေ့၊ နေ့လည်(၁၂)နာရီအချိန်တွင် သရက်ချောင်းမြို့နယ်၊မီးသတ်ဦးစီးမှူးရုံး၌ အရန်မီးသတ်မွမ်းမံလေ့ကျင့်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး၊ ခရိုင်မီးသတ်ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။ အဆိုပါသင်တန်းတွင် အရန်မီးသတ်သင်တန်းသား(၁၅၀)ဦးအား လေ့ကျင့် သင်တန်းပေးသွားမည်ဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးမှ သင်တန်းသားများအတွက် ဝတ်စုံများပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။