Follow Us

တစ်ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင်သူများ ရက်သတ္တပတ် ၂၀၁၆ မိတ်ဆက်ခြင်း အခမ်းအနားကျင်းပ

Mon, 10/31/2016 - 14:47

ထားဝယ်        အောက်တိုဘာ ၃၀
    တစ်ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင်သူများ ရက်သတ္တပတ် ၂၀၁၆ မိတ်ဆက်ခြင်း အခမ်းအနား ကို ယနေ့ နေ့လည်(၁၃၀၀)နာရီအချိန် ထားဝယ်မြို့၊ ဇေယျာထက်စံဟိုတယ် ၌ကျင်းပသည်။
    ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင် ကအဖွင့် အမှာစကားပြောကြားပြီး တစ်ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင်သူများကွန်ယက် (ထားဝယ်) Dawei Millennium Centreမှ ဆရာဒေါက်တာကျော်လွင်စိုး က တစ်ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင်သူများ ရက်သတ္တပတ်  ၂၀၁၆ မိတ်ဆက်ခြင်းအား ရှင်းလင်းပြောကြားပါသည်။ ဆက်လက်၍ Global Entrepreneurship  Network  မြန်မာပြည်တွင် ဖွင့်လှစ်ထားရှိမှုကိုလည်းကောင်း၊ ၂၀၁၅-ခုနှစ် တစ်ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင်သူများ ရက်သတ္တပတ် ကျင်းပခဲ့မှုများကိုလည်းကောင်း၊ လာမည့် နိုဝင်ဘာလအတွင်း ကျင်းပမည့် တစ်ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင်သူများ ရက်သတ္တပတ်နေ့(၂၀၁၆) တွင် လူငယ်များ၊လုပ်ငန်းရှင်များပါဝင်ဆွေးနွေးနိုင်ရန် မိတ်ဆက်ခြင်းဖြစ်ကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး မိတ်ဆက်အသိပညာပေးဆွေးနွေးပွဲသို့ ထားဝယ် ဒေသရှိ   လုပ်ငန်းရှင်များ၊ဌာနဆိုင်ရာများ၊လူငယ်များတက်ရောက်ကြသည်။
    အဆိုပါ တစ်ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင်သူများ ရက်သတ္တပတ် ၂၀၁၆ ကို "လူငယ်နှင့်စီးပွားရေး " ခေါင်းစဉ်ဖြင့် နိုဝင်ဘာလ(၁၇)ရက်နေ တွင် မြိတ်မြို့တွင်လည်းကောင်း၊ထားဝယ်ဒေသအတွင်းတွင် "စီးပွားရေး  လုပ်ငန်းရှင်နှင့် သက်ဆိုင်သော ဗဟုသုတများ ပိုမိုတိုးပွားလာစေရန် "ခေါင်းစဉ်ဖြင့် နိုဝင်ဘာလ(၁၉)ရက်နေ့  တွင် ထားဝယ်မြို့ တွင် ကျင်းပသွားမည်ဖြစ်ပြီး စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ကြောင်း သတင်းရရှိသည်။
                                
                                    (တနင်္သာရီတိုင်းဒေသကြီးပြန်/ဆက်)