ထားဝယ် အောက်တိုဘာ ၃၁
တနင်္သာရီတိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် ဖွံ့ဖြိုးရေးအဖွဲ့ (Dawei Development Association - DDA) နှင့် ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်း ကျင်ရန်ပုံငွေအဖွဲ့ (World Wide Fund For Nature - WWF) တို့ပူးပေါင်း ကျင်းပသော တနင်္သာရီဒေသအတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာပေး မဟာဗျူဟာဖော်ဆောင် ရေး ဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန် ထားဝယ်မြို့၊Diamond Crown Hotal ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင် က ပြောကြားရာတွင်တနင်္သာရီဒေသသည် သဘာဝသယံဇာတများ အလွန်ပေါကြွယ်ဝကြောင်း၊ ရှည်လျားသည့် ပင်လယ်ကမ်းရိုးတန်းနှင့် အထင်ကရ ကျွန်းစုများကို ပိုင်ဆိုင်ထားသလို ပထဝီမြေပြင် အနေအထားအရ ဇီဝမျိုးစုံ မျိုးကွဲများစုံလင်သည့် မိုးသစ်တောများ၊ရေတိမ်ဒေသများနှင့် ရေချိုအရင်းအမြစ် များ ကြွယ်ဝသည့် နေရာတစ်ခုဖြစ်ပါကြောင်း၊ အဆိုပါ ကျွန်းစု၊ပင်လယ်၊သစ်တော၊တောင်တန်းများကို အမှီပြုရှင်သန်နေသည့် ဇီဝမျိုးစုံမျိုးကွဲများ၊တောရိုင်းတိရိ စ္ဆာန်များသည်လည်း စုံလင်လှပါကြောင်း၊ ထို့အတူ သဘာဝတရားကြီးနှင့် အပြန်အလှန် အမှီသဟဲပြု အသက်မွေးနေထိုင်ကြသည့် ဒေသခံတိုင်းရင်းသားများ လည်းရှိပါ၍ မိမိတို့ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာကို အခြေခံသည့်သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ထိန်းသိမ်းစောင့်ရှောက်ရေးအလေ့အကျင့်များကို လူထုကြားမှာ ရေရှည်တည်တံ့ပြီး လက်တွေ့ကျကျဆောင်ရွက်နေတာတွေ့ရပါကြောင်း၊ မိမိတို့ဒေသ နိုင်ငံအနာဂါတ်မျိုးဆက်များအတွက် ဆိုသည့် စိတ်စေတနာ တူညီလိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ယခုလို တက်ရောက်လာသူများအနေဖြင့် ၀ိုင်းဝန်းညှိနှိုင်းဆွေးနွေးတိုင်ပင်မှုများသည် သဘာဝတရားကြီးအတွက် ပိုမိုရှင်သန်ကောင်းမွန်နိုင်စွမ်းရှိသည့် အနာဂတ်နှင့်ဒေသခံတိုင်းရင်းသား ပြည်သူများအတွက် ပိုမိုအာမခံချက်ရှိသည့် လူသားဘဝလုံခြုံမှုဖြစ်လာရန် ၀ိုင်းဝန်းဆောင်ရွက်ကြစို့ဟု တိုက်တွန်းပြောကြားသည်။ယင်းနောက် Father Joseph သိန်းခင် က နှုတ်ခွန်းဆက်အမှာစကားပြောကြား သည်။
အဆိုပါ အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးနှင့် ဌာနဆိုင်ရာများ၊CSO၊ INGO၊ NGOများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
တနင်္သာရီဒေသအတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာပညာပေး မဟာဗျူဟာဖော်ဆောင်ရေးဆွေးနွေးပွဲကို နံနက်(၉းဝ၀)နာရီမှညနေ(၅းဝ၀)နာရီအထိ (၃၁-၁၀-၂၀၁၆)ရက်မှ(၁-၁၁-၂၀၁၆)ရက်နေ့အထိ (၂)ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း သိရှိရသည်။
(တနင်္သာရီတိုင်းဒေသကြီးပြန်/ဆက်)