Follow Us

မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်

Sun, 10/30/2016 - 12:05


ထားဝယ် အောက်တိုဘာ ၃၀
(၃၀.၁၀.၂၀၁၆)ရက်နေ့ နံနက်(၀၉၀၀)နာရီမှ (၀၉၃၀)နာရီအထိ ထားဝယ်မြို့၊ စည်ပင်သာယာစျေးကြီးအတွင်းတွင် ခရိုင်မီးသတ်ဦးစီးဌာနမှူးဦးစီး မီးသတ်တပ်ဖွဲ့ဝင်(သန္ဓေ) ၃ဝဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦး၊မီးသတ်ယာဉ် ၄ စီး၊ မီးသတ် ambulance ၁စီး၊ ဇမ္ဗူသီရိအရေးပေါ်လူနာ ကယ်ဆယ်ရေးအဖွဲ့မှ ambulance ၂ စီးတို့ဖြင့် မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်ခဲ့ရာ အဆိုပါနေရာသို့ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊မြို့နယ်စည်ပင်အမှုဆောင်အရာရှိတို့မှသွားရောက်ကြည့်ရှုခဲ့ကြောင်းသတင်းရရှိပါသည်။