Follow Us

တိုင်းဒေသကြီးလယ်မြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၁၆) ကျင်းပ

Fri, 10/28/2016 - 18:16

ထားဝယ် အောက်တိုဘာ ၂၈
       (၂၈.၁၀.၂၀၁၆)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးလယ်မြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၁၆)ကို ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ တက်ရောက် ခဲ့ပါသည်။ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများမှာ ဗဟိုကော်မတီမှ စိစစ်ရန် ညွှန်ကြားလာသည့် မြေသိမ်းဆည်းခြင်းခံရသည့် ကိစ္စရပ်များ၊ တိုင်းဒေသကြီးကော်မတီသို့ တိုက်ရိုက်တင်ပြလာသည့် မြေသိမ်းဆည်းခြင်းခံရသည့် ကိစ္စရပ်များအား သက်ဆိုင်ရာခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မတီအဆင့်ဆင့်သို့ ညွှန်ကြားချက်များနှင့်အညီ စိစစ်စေပြီး စိစစ်တွေ့ရှိချက်များအား ဗဟို ကော်မတီသို့ တင်ပြ၍တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေး ရန်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။