Follow Us

ပြည်သူလူထုအတွင်း ကျန်းမာရေးဆေးဝါးများရောင်းချရန် လိုင်စင်လျှောက်ထားသည့် ဆေးဆိုင်အသစ်များအား ကွင်းဆင်းစစ်ဆေး ပညာပေး

Fri, 10/28/2016 - 15:04

မြိတ် အောက်တိုဘာ ၂၇
    ပြည်သူလူထုအတွင်း ကျန်းမာရေးဆေးများရောင်းချရန် လိုင်စင်လျှောက်ထားသည့် ဆေးဆိုင်အသစ်(၇)ဆိုင်အား မြိတ်ခရိုင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီမှ အောက်တိုဘာလ(၂၇)ရက် နေ့လယ်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ပြီး သတ်မှတ် စည်းမျဉ်းစည်းကမ်းများအကြောင်း ပညာပေးခဲ့ကြောင်း သိရသည်။
    လိုင်စင်လျှောက်ထားသည့် ဆေးဆိုင်အသစ်များအား လူသုံးဆေးနှင့် တိရစ္ဆာန်သုံးဆေး ယှဉ်တွဲမရောင်းချရေး၊ မူးယစ်ထုံထိုင်းစေသော ဆေးဝါးများမရောင်းချရေး၊ သက်တမ်းလွန် ပျက်စီးနေသော ဆေးများမရောင်းချရေး၊ မှတ်ပုံမတင် ထားသည့် ဆေးဝါးများမရောင်းချရေးစတဲ့ စည်းမျဉ်းစည်းကမ်းများကိုအစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီမှ ပညာပေး ပြောကြားခဲ့ကြသည်။
    ဆေးဆိုင်အသစ်များအား စစ်ဆေးပညာပေးပြီး လျှောက်လွှာများကို သက်ဆိုင်ရာဌာနများသို့ စစ်ဆေးရေးအဖွဲ့မှ ပေးပို့သွားမည်ဖြစ်ပြီး လိုင်စင်များရရှိလာပါက ဆေးဆိုင်ရောင်းချနေမှုအား စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရောင်းချခြင်း ရှိမရှိ ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီမှ သိရသည်။

ရေးသားပေးပို့သူ - ခိုင်ထူး ( မြိတ် ပြန်/ဆက် )