Follow Us

မြိတ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဆွေးနွေး

Fri, 10/28/2016 - 14:59

 

မြိတ် အောက်တိုဘာ ၂၆
  မြိတ်ဒေသ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အောက်တိုဘာလ(၂၆)ရက် နံနက်(၁၀)နာရီ က မြိတ်ခရို်င်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာအစည်းအဝေးခန်းမတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးကော်မတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။အစည်းအဝေးတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဌ တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် စီမံဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်း က မြိတ်ဒေသအနေဖြင့်ခရီးသွားလာရေး လုပ်ငန်းများအတွက် အခြေခံ ကောင်းများရှိပြီးဖြစ်၍ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း၊ မိမိတို့ဒေသ၏ အားနည်းချက်၊အားသာချက်များ၊လိုအပ်ချက်များသက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြ ရန်တိုက်တွန်းပြောကြားခဲ့သည်။
      ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ တက်ရောက်လာကြသော တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတိုးလွင်နှင့်ဌာနဆိုင်ရာများ၊ ခရီးသွားလုပ်ငန်းရှင်များမှ ရှေ့ဆက် ဆောင်ရွက် ရမည့်လုပ်ငန်းစဉ်များ၊ကဏ္ဍအလိုက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ဦးစားပေးဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များ နှင့် တွေ့ကြံရမည့်အခက်အခဲများ၊ ခရီးသွားလုပ်ငန်းကျွန်းများ ရွေးချယ်ခြင်းဆိုင်ရာ ကဏ္ဍများကို ၀ိုင်းဝန်း ဆွေးနွေးခဲ့ကြသည်။ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကော်မတီ(၃)ရပ်ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။
ဒေသခံပြည်သူများစုဖွဲ့ပြီး ခရီးသွားလုပ်ငန်းဖော်ဆောင်မည့် ကျွန်းစုမြို့နယ် ရေမြစ်ကြီးကျေးရွာအုပ်စုရှိ သဲနက်တန်းကျွန်းနှင့် ဒုံးကျွန်းပေါ်ရှိ ဒဟွန်းသဲတန်းတို့ကို ခရီးသွားလုပ်ငန်းဆောင်ရွက်ရန် သက်ဆိုင်ရာသို့ အဆိုပြုတင်ပြုတင်ပြထားကြောင်းမြိတ်ခရိုင်ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးဇော်မင်းဦး ထံမှ သိရသည်။ အဆိုပြုထားသည့် ကျွန်း(၂)ကျွန်းနှင့် ဆက်စပ်လျက်ရှိသည့် ခရီးသွားဧည့်သည်များ သွားရောက်လည်ပတ်နိုင်သည့် နေရာများကို မြိတ်ခရိုင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ အောက်တိုဘာလ  (၂၉)ရက်နေ့တွင် သွားရောက်လေ့လာသုံးသပ်ကြမည်ဖြစ်ကြောင်း သိရသည်။

ရေးသားပေးပို့သူ - ခိုင်ထူး ( မြိတ် ပြန်/ဆက်