Follow Us

ဆဌမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

Thu, 10/27/2016 - 15:38

ထားဝယ် အောက်တိုဘာ ၂၇
          ၂၀၁၆ ခုနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ဆဌမအကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၂၀၁၆ခုနှစ် အောက်တိုဘာလ (၂၇) ရက်နေ့ နံနက်(၁၀၀၀)အချိန်၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သံဃာတော်များပင့်ဆောင်ရေး၊ ပဒေသာပင်နှင့် လှူဖွယ်ဝတ္တုပစ္စည်းများ လက်ခံဆက်ကပ်ရေး လုပ်ငန်းကော်မတီဥက္ကဌ တိုင်းဒေသကြီး သာသနာရေးမှူး ဦးရဲနိုင်ဝင်းမှ ဆွေးနွေးပြောကြားခဲ့ကာ ကော်မတီအသီးသီးနှင့် အစည်းအဝေးတက်ရောက်လာသော ဌာနဆိုင်ရာများမှ အသီးသီး ဆွေးနွေး တင်ပြခဲ့ကြပါသည်။ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်း သတင်း ရရှိပါသည်။