Follow Us

လမ်းနယ်ချဲ့ခြင်းလုပ်ငန်း အရည်အသွေးပြည့်မီရေး ကွင်းဆင်းစစ်ဆေး

Thu, 10/27/2016 - 15:37


ထားဝယ် အောက်တိုဘာ ၂၇
          ၂၀၁၆-၂၀၁၇ခုဘဏ္ဍာရေးနှစ်၊ ရေဖြူမြို့နယ်အတွင်းကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရန်ပုံငွေ(၆၇.၃၂ သန်း)ဖြင့် NICE N.S.T Co.,Ltd (ဦးမျိုးညွန့်)မှ တင်ဒါအောင်မြင်သော ဥဿရံ(အနောက်) - ကညင်းအင်း - ဝန်ဖို့(အနောက်) ကျေးရွာချင်းဆက်မြေသားလမ်း (၃/၁မိုင်×၁၈ပေ×၂ပေ) လုပ်ငန်းအား(၃.၁၀.၂၀၁၆)ရက်နေ့တွင် လမ်းနယ်ချဲ့ခြင်းကို စတင်ဆောင်ရွက်ခဲ့ပါသည်။အဆိုပါ လုပ်ငန်းဆောင်ရွက်မှုကို ရေဖြူမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှထွေး၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီဖြစ်သော ရေဖြူ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်၊ ရေဖြူမြို့နယ် လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှမျိုး၊ ရေဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စိုးစိုးသီ၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးနိုင်ထွေး၊ မြို့မိမြို့ဖ ဒေါက်တာအောင်ထိန်၊ ကျေးရွာတည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီများ၊ ကျေးရွာသူကျေးရွာသားများနှင့်အတူ ကွင်းဆင်း၍ လုပ်ငန်းများသတ်မှတ်အရည်အသွေးပြည့်မီ ရေးအား (၂၆.၁၀.၂၀၁၆)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။အဆိုပါမြေသားလမ်းဖောက် လုပ်ပေးခြင်းဖြင့် ဝန်ဖို့(အနောက်)၊ ကညင်းအင်းနှင့် ဥဿရံ(အနောက်)ကျေးရွာများရှိ အိမ်ထောင်စု (၁၂၂)၊ အိမ်ခြေ(၁၅၀)၊ လူဦးရေ (၇၀၆)ကိုအကျိုးပြု၍ လမ်းပမ်းဆက်သွယ်ရေးပိုမိုကောင်းမွန်လာသည့်အတွက် ကျေးရွာသူ ကျေးရွာသားများ၏ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှုများအတွက် များစွာအထောက် အကူပြုမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။