Follow Us

အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အောင်ပွဲရ တနင်္သာရီတိုင်းဒေသကြီးကိုယ်စားပြုအဖွဲ့အား ကြိုဆိုဂုဏ်ပြု

Wed, 10/26/2016 - 17:53

ထားဝယ် အောက်တိုဘာ ၂၆

              (၂၆.၁၀.၂၀၁၆)ရက်နေ့ ညနေ(၃း၃၀)နာရီအချိန် ထားဝယ်ပညာရေးကောလိပ်တွင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အောင်ပွဲရ တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားပြုအဖွဲ့အား ထားဝယ်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များမှ လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုခဲ့ပါသည်။ တနင်္သာရီ တိုင်းဒေသကြီးသည် ၂၀၁၆ ခုနှစ်၊ (၂၂)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆိုအကအရေးအတီးပြိုင်ပွဲတွင် စွမ်းရည်ပြဂုဏ်ပြုဆု(၁)ခု၊ ရွှေတံဆိပ်(၅)ခု၊ ငွေတံဆိပ်(၃)ခု၊ ကြေးတံဆိပ်(၃)ခု၊ နှစ်သိမ့်ဆု(၄)ခုရရှိကာ တိုင်းဒေသကြီးပြည်နယ်တန်းစီဇယားတွင် အဆင့်(၆) အဖြစ် ယခင်နှစ်ကရရှိထားသည့် အဆင့်(၉)ကို ကျော်လွန်အောင်မြင်ပြီး ၁၉၉၃ ခုနှစ်မှ ၂၀၁၆ခုနှစ် (၂၂)ကြိမ်တွင် အမြင့်ဆုံးစံချိန်သစ်အဆင့်သို့ တက်လှမ်းအောင်မြင်နိုင်ခဲ့ကြောင်း သတင်း ရရှိပါသည်။