Follow Us

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

Tue, 10/25/2016 - 17:28

Vertical Tabs

About Topic

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လုပ်ငန်းစဉ်များ
(၁) နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးဖွံ့ဖြိုးရေးဒေသများ သတ်မှတ်ဆောင်ရွက်မည်၊
(၂) နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်တို၊ နှစ်ရှည်စီမံကိန်းများ ရေးဆွဲဆောင်ရွက်မည်၊
(၃) နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီမှ အတည်ပြုချမှတ်ပေးထားသော နှစ်တို၊ နှစ်ရှည်စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်မည်၊
(၄) နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီက လတ်တလောဆောင်ရွက်ရန် ချမှတ်ပေးသော ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်မည်၊
(၅) နယ်စပ်ဒေသများ၏ လူမှုစီးပွားဘဝ အခြေခံအဆောက်အအုံများကို နှစ်အလိုက် စီမံကိန်းများဖြင့် တည်ထောင်ပေးမည်-
(က) လမ်းတံတားလုပ်ငန်း
(ခ ) ရေရရှိရေးလုပ်ငန်း
(၁၁) စိုက်ပျိုးရေရရှိရေး
(၂၂)  သောက်သုံးရေရရှိရေး
(ဂ ) လျှပ်စစ်ဓါတ်အားလုပ်ငန်း
(၁၁) ရေအားလျှပ်စစ်
(၂၂) ဆိုလာစွမ်းအင်စနစ်
(ဃ) သာသနာရေးလုပ်ငန်း
(င ) ငြိမ်းချမ်းရေးအတွက်တည်ဆောက်မှုလုပ်ငန်း
(၁၁) လမ်းတံတားလုပ်ငန်း
(၂၂) ပညာရေးလုပ်ငန်း၊
(၃၃) ကျန်းမာရေးလုပ်ငန်း၊
(၄၄) အိမ်ရာဆောက်လုပ်ရေးလုပ်ငန်း၊   
(၆) နယ်စပ်ဒေသအသီးသီးတွင် နေထိုင်သော တိုင်းရင်းသားလူငယ်များကို အခြေခံပညာအလယ်တန်းမှ အထက်တန်းအထိ အခမဲ့ပညာသင်ကြားပေးခြင်းများ ဆောင်ရွက်မည်၊
(၇) အခြေခံပညာအထက်တန်းအောင်မြင်သည့် တိုင်းရင်းသားလူငယ်များကို ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်များတွင်  အဆင့်မြင့်ပညာများ  သင်ကြားပေးခြင်းများ ဆောင်ရွက်မည်၊    
(၈) နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များ  အတူတကွနေထိုင်ပညာရှာမှီးရင်း တိုင်းရင်းသားအချင်းချင်း ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို နားလည်ရင်းနှီးချစ်ကြည်စေပြီး ပြည်ထောင်စုစိတ်ဓာတ် ခိုင်မြဲလာစေရန် ပြုစုပျိုးထောင်ပေးခြင်းများ ဆောင်ရွက်မည်၊
(၉) နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များကို ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသော အသိစိတ်ဓာတ်များ ကိန်းအောင်းစေရန် ပျိုးထောင်ပေးခြင်းများ ဆောင် ရွက်မည်၊
(၁၀) အဆင့်မြင့်ပညာရပ်များ တတ်မြောက်ပြီးချိန်တွင် ဝန်ကြီးဌာနအသီးသီးတွင် တာဝန်ခန့်အပ်၍ မိမိဒေသ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပါဝင်ဆောင်ရွက်စေမည်၊
(၁၁) နယ်စပ်ဒေသရှိ တိုင်းရင်းသူများကို အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာရပ်များ သင်ကြားပေးခြင်းနှင့် သင်ကြားတတ်မြောက်သည့် အသက်မွေးဝမ်းကြောင်းပညာရပ်များဖြင့် ကိုယ်ပိုင်စီးပွားရေး ထူထောင်နိုင်သည်အထိ ပံ့ပိုးဆောင် ရွက်ပေးမည်၊
(၁၂) နယ်စပ်ဒေသရှိတိုင်းရင်းသားများကို စက်မှုလက်မှုပညာရပ်များ သင်ကြားပေးခြင်းဖြင့် ဒေသတွင်း ကျွမ်းကျင်လုပ်သားများ ဖြစ်ထွန်းလာစေပြီး အသေးစားကုန်ထုတ်လုပ်ငန်းများနှင့် အသေးစားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ပေးမည်၊
(၁၃) ဖွံ့ဖြိုးရေးဒေသရှိ တိုင်းရင်းသားလူမျိုးများ ဗဟုသုတပွားများစေရေး ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များချမှတ်ပေးခြင်းများ ဆောင်ရွက်မည်၊
(၁၄) တိုင်းရင်းသားလူမျိုးများ၏ သဘောဆန္ဒနှင့်အညီ တိုင်းရင်းသားလူမျိုးရေးရာကိစ္စရပ်များကို အလေးထားဆောင်ရွက်မည်၊
(၁၅) နယ်စပ်ဒေသများတွင် ဘာသာ၊ သာသနာထွန်ကားပြန့်ပွားရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင် ရွက်မည်၊
(၁၆) ဘိန်းစိုက်ပျိုးခြင်းအစား စိုက်ပျိုးရေး၊ မွေးမြူရေး၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ ထူထောင်ပေးခြင်းများ ဆောင်ရွက်မည်၊
(၁၇) နယ်ခြားနယ်နိမိတ် ကျောက်တိုင်များ၊ အထိမ်းအမှတ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းများ ဆောင်ရွက်မည်၊
(၁၈) နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်မည်။

ဦးစီးဌာန၏ လုပ်ငန်း/အကြောင်းအရာအလိုက်ဆောင်ရွက်လျက်ရှိသည့် လုပ်ထုံးလုပ်နည်းများ
၁။    နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား နိုင်ငံတော်မှ ခွဲဝေချထားသော နှစ်အလိုက်ဘတ်ဂျက်ရန်ပုံငွေများဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများမှ တိုင်းဒေသကြီး/ ပြည်နယ် ညွှန်ကြားရေးမှူးများက ဦးစီး၍ ဒေသအလိုက် လိုအပ်လျက်ရှိသော လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေး၊ အိမ်ရာဆောက်လုပ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ သာသနာရေး၊ ဆက်သွယ်ရေးဆိုင်ရာကိစ္စရပ်များ အစရှိသဖြင့် နှစ်အလိုက်ဒေသ၏လုပ်ငန်းလိုအပ်ချက်များအား စိစစ်ရွေးချယ်ခြင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးအကြီးအကဲများ၏ လမ်းညွှန်ချက်၊ ပြည်ထောင်စု အဆင့်ညွှန်ကြားချက်များဖြင့် လုပ်ငန်းများအားစိစစ်ရွေးချယ်ပြီး နှစ်အလိုက် ခွင့်ပြုထားသောဘတ်ဂျက်ရန်ပုံငွေများဖြင့် ဆောင်ရွက်ရန်ရှိသည့်လုပ်ငန်းများကို လုပ်ငန်းစုအလိုက် ခွဲဝေ၍ လုပ်ငန်းရှင်များ၊ ကုမ္ပဏီများအား တင်ဒါစနစ်ဖြင့် လုပ်ငန်းများအပ်နှံဆောင်ရွက်ခြင်း၊
၂။    လုပ်ငန်းများအား တင်ဒါစနစ်ဖြင့်ဆောင်ရွက်ရာတွင် ပြည်ထောင်စုအဆင့်ညွှန်ကြားချက်များ၊ တိုင်းဒေသကြီးအဆင့်ညွှန်ကြားချက်များအား သတ်မှတ်ထားသောလုပ်ငန်းဆိုင်ရာကိစ္စရပ်များကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ  တိုင်းအဆင့်ဦးစီးဌာနများမှ သက်ဆိုင်ရာခရိုင်/မြို့နယ်အဆင့်ဆင့်များသို့ ကြီးကြပ်ကွပ်ကဲပြီး ဦးစီးဌာနရုံးချုပ်သို့ တာဝန်ခံ ဆက်သွယ်ဆောင်ရွက်လျက်ရှိပါသည်။
၃။    ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ငွေကြေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ တိုင်းဒေသကြီးအဆင့် ခွဲဝေချထားပေးသော ဘဏ္ဍာငွေများအား တိုင်းဒေသကြီး အစိုးရအဖွဲ့၏ တာဝန်ယူကြီးကြပ်မှုဖြင့် လုပ်ငန်းများဆောင်ရွက်ခြင်း၊ ပြည်ထောင်စုအဆင့်တွင်လည်း ပြည်ထောင်စုအစိုးရမှ ခွဲဝေချထားပေးသော ဘဏ္ဍာငွေများအား ပြည်ထောင်စုအစိုးရအဖွဲ့၏ တာဝန်ယူကြီးကြပ်ကွပ်ကဲမှုဖြင့် ဦးစီးဌာနရုံးချုပ်၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ခြင်း၊

Office Address and Location Map
Location Map: