Follow Us

ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း တက်ရောက်

Tue, 10/25/2016 - 16:08

ထားဝယ် အောက်တိုဘာ ၂၅

     (၂၅.၁၀.၂၀၁၆)ရက်နေ့ (၀၇၀၀)နာရီအချိန်တွင် ထားဝယ်မြို့နယ်၊ ကနိုင်းဒါကျေးရွာရှိ ဆေးမားအွန်ဒေါင်းစီမံကိန်းလုပ်ငန်းဖြစ်သည့် စာသင်ကျောင်းအဝင် ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလင်းသန့်၊ တိုင်း/ ခရိုင်/ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးများ၊ ဌာနဆိုင်ရာများ၊ စီမံကိန်းတာဝန်ခံများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။