Follow Us

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

Tue, 10/25/2016 - 16:04

Vertical Tabs

About Topic

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များ
     အောက်ပါအတိုင်းဖြစ်ပါသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့က ချမှတ်ပေးသော လုပ်ငန်း တာဝန်များ၊
(ခ ) ပြည်ထဲရေးဝန်ကြီးဌာနမှ ပေးအပ်သော လုပ်ငန်းတာဝန်များ၊
(ဂ ) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ပင်မလုပ်ငန်းတာဝန်များ၊
(ဃ) အခြားဝန်ကြီးဌာနက ပေးအပ်သော လုပ်ငန်းတာဝန်များ၊

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တာဝန်ပေးအပ်ခြင်း
      ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအား အောက်ပါအတိုင်း တာဝန်ပေးအပ်ထားပါသည် -
(က) ပုဒ်မ (၂၆၀) အရ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအကြီးအမှူးသည် ရာထူးအလျောက် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ အတွင်းရေးမှူးဖြစ်သည်။ ထို့အပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ရုံးလည်းဖြစ်သည်။
(ခ ) ပုဒ်မ(၂၈၇)အရ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အကြီးအမှူးသည် ရာထူးအလျောက် နေပြည်တော်ကောင်စီအတွင်းရေးမှူးဖြစ်သည်။ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် နေပြည်တော် ကောင်စီရုံး ဖြစ်သည်။
(ဂ ) ပုဒ်မ (၂၈၈)အရ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်တို့၏ အုပ်ချုပ်ရေးကို နိုင်ငံ့ဝန်ထမ်းများအား တာဝန်ပေးအပ်ထားပါသည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ ပေးအပ်သည့်လုပ်ငန်းတာဝန်များ
     နိုင်ငံတော်ငြိမ်ဝမ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် (၈/၈၈) စကားရပ်များ အစားထိုးသည့် ဥပဒေအရ ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏ ၆-၆-၁၉၈၉ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၂/၈၉)ဖြင့် အောက်ဖော်ပြပါ လုပ်ပိုင်ခွင့်များကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကျင့်သုံးရန်အပ်နှင်းထားပါသည်-
(က) တရားဥပဒေစိုးမိုးရေးနှင့် စည်းကမ်းသေဝပ်တည်ငြိမ်ရေးပျက်ပြားစေမည့် လုပ်ရပ်များအား တားမြစ်ခြင်း၊
(ခ ) အများပြည်သူစိတ်ငြိုငြင်စေမည့် နှောင့်ယှက်မှုများ ဖယ်ရှားစေခြင်း၊
(ဂ ) ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေးကို လူစုခွဲရန် အမိန့်ပေးခြင်း၊ စီစဉ် ဆောင်ရွက်ခြင်း၊
(ဃ) စာတိုက်နှင့် ကြေးနန်းရုံးများရှိစာ၊ ကြေးနန်းနှင့် ချောထုတ်များကို ပြစ်မှုဆိုင်ရာစုံစမ်းမှုအတွက် လိုအပ်လျှင် ထုတ်ပေးရန် သက်ဆိုင်ရာတာဝန်ရှိသူများကို ညွှန်ကြားခြင်း၊
(င ) လက်နက်ဥပဒေအရ ပြစ်မှုများကျုးလွန်သူကို တရားစွဲဆိုခွင့်ပြုမိန့်ပေးခြင်း၊
(စ ) မရွှေ့မပြောင်းနိုင်သောပစ္စည်း (မြေ၊ အိမ်)တို့နှင့်ပတ်သက်၍ အငြင်းပွားမှုကြောင့် အေးချမ်းသာယာရေးကို ထိခိုက်လာပါက ဝင်/ထွက်မှုကို တားဆီးခြင်း၊
(ဆ) လောင်းကစားအိမ်သို့ ဝင်ရောက်ရှာဖွေရန် ဝရမ်းထုတ်ပေးခြင်း၊
(ဇ ) ဘုန်းတော်ကြီးကျောင်းအဆောက်အဦး၊ မြေစသည်တို့တွင် အငြင်းပွားမှု ဖြစ်ပါက ဖယ်ရှားခြင်း၊ အငြင်းပွားပစ္စည်းများကို စာရင်းပြုစုထိန်းသိမ်းခြင်း၊
(ဈ ) တရားရုံးသို့ သက်သေခံအဖြစ် တင်ပြခြင်းမပြုရသေးသော သိမ်းဆည်းထားသည့် ပစ္စည်းများနှင့်ပတ်သက်၍ စီမံခန့်ခွဲခြင်း၊

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ပင်မလုပ်ငန်းတာဝန်များ
     အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပင်မလုပ်ငန်းတာဝန်များအဖြစ် အောက်ပါလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရပါသည် -
(က) မြေယာစီမံခန့်ခွဲရေးလုပ်ငန်း
    (၁) နေပြည်တော်၊ ရန်ကုန် ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးနယ်နိမိတ်ပြင်ပရှိ အစိုးရကစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများကို ပုဂ္ဂလိက/ဌာနဆိုင်ရာ မြေငှားဂရန်၊ စက်မှုမြေငှားဂရန်များခွင့်ပြုချထားခြင်း၊
    (၂) အခွန်လွတ်သာသနာ့မြေဂရန်များ ခွင့်ပြုချထားခြင်း၊
    (၃) ဗဒ္ဓသိမ်မြေဂရန် ခွင့်ပြုချထားခြင်း၊

(ခ ) ယစ်မျိုးစီမံခန့်ခွဲရေးလုပ်ငန်း
    (၁) နှစ်စဉ်ယစ်မျိုးအစီအစဉ်များရေးဆွဲတင်ပြခြင်း၊
    (၂) နှစ်စဉ်ယစ်မျိုးလိုင်စင်များ ခွင့်ပြုချထားပေးခြင်း၊
    (၃) အရက်ချက်လုပ်ငန်းမှ ထုတ်လုပ်သောအရက်များအား ဓါတုဗေဒဝန်ထံစစ်ဆေးခံရန် ကြီးကြပ်ဆောင်ရွက်ခြင်း၊
     

(ဂ ) အခွန်(၄)မျိုးကောက်ခံခြင်းလုပ်ငန်း
(ဃ) ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း
(င ) မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကိုကန့်သတ်သည့် ဥပဒေဆိုင်ရာ လုပ်ငန်း
(စ ) အသင်းအဖွဲ့များ ဥပဒေနှင့်အညီ ဖွဲ့စည်းခွင့်ပြုရေးလုပ်ငန်း
(ဆ) ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်များ ချီးမြှင့်ရေးဆိုင်ရာလုပ်ငန်း
(ဇ ) မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေးလုပ်ငန်း
(ဈ ) မြို့၊ ရပ်ကွက်/ ကျေးရွာများ ပြင်ဆင်ဖွဲ့စည်းရေးလုပ်ငန်း

     အခြားဝန်ကြီးဌာနများမှ အပ်နှင်းသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ လုပ်ငန်းများဆောင်ရွက်ခြင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် မိမိ၏ပင်မလုပ်ငန်းတာဝန်များအပြင် အခြားဌာနများမှ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များအရ လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးကြရပါသည်။ ယခုလက်ရှိ အောက်ဖော်ပြပါလုပ်ငန်းတာဝန်များကို သက်ဆိုင်ရာဌာနများ၏ကိုယ်စား ဆောင်ရွက်ပေးလျက်ရှိပါသည် -
(က) ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုစီးဌာန၏ ၁၀-၃-၁၉၈၉ ရက်စွဲပါစာအမှတ်၊ အခရ/ အင်ဒီ - အီးဒီ/ ၉၃၀ အရ စက်မြင်းကောင်ရေ (၂၀)ထက် မပိုသော စက်တပ်ရေယာဉ်ငယ်များ စစ်ဆေးမှတ်ပုံတင်ခြင်း၊
(ခ ) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၃၁-၁၀-၁၉၈၉ ရက်စွဲပါ စာအမှတ်၊ ၃-၅/၅၁ အပိုင်း ၂ (၈၉) ၁၆၅၆ အရ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(ဂ ) ပြန်ကြားရေးဝန်ကြီးဌာန၏ ၂၀-၉-၁၉၈၉ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅) အရ ရုပ်ရှင်ပြသရန်နေရာအတွက် လိုင်စင်ထုတ်ပေးသည့် အာဏာပိုင်အဖြစ် ဆောင်ရွက်ခြင်း၊
(ဃ) ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ အပ်နှင်းထားသော အောက်ဖော်ပြပါလုပ်ငန်းများ ဆောင်ရွက်ခြင်း-

    (၁) ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၏ ၂၈-၆-၁၉၈၉ ရက်စွဲပါ စာအမှတ်၊ ဘ-၂(၄) ၇/၃(၈၉)နှင့် ဘ-၂(၄) ၇/၅(၈၉)နှင့် ၁၉-၈-၁၉၉၁ရက်စွဲပါ စာအမှတ်၊ ဘ-၂(၄)/၇၃(၈၉)(၃၈၇/၉၀)တို့အရ အငြိမ်းစားယူသော သို့မဟုတ် အငြိမ်းစားမယူမီ ကွယ်လွန်သော ဝန်ထမ်းများအတွက် ယာယီအငြိမ်းစားလစာနှင့် ဆုငွေများ ကြိုတင်ထုတ်ပေးရေးကိစ္စ။
    (၂) ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၏ ၂၈-၆-၁၉၈၉ ရက်စွဲပါစာအမှတ်၊ ဘ-၂(၄)၇/၄(၈၉)အရ တစ်လုံးတည်းပင်စင် လဲလှယ်ရေးအတွက် အငြိမ်းစားများတင်သွင်းသော လျှောက်လွှာများ ဆောင်ရွက်ပေးရေး ကိစ္စ။
    (၃) ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၏ ၂၈-၆-၁၉၈၉ ရက်စွဲပါစာအမှတ်၊ ဘ - ၂(၄) ၅ / ၂ (၇၉၉/၈၈) အရ ပြစ်ဒဏ်မှလွတ်မြောက်လာသော အငြိမ်းစားများ၏ ပင်စင်ကို ပြန်လည်ထုတ်ယူခွင့်ပြုရေးကိစ္စ။
    (၄) ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၏ ၂၈-၆-၁၉၈၉ရက်စွဲပါ စာအမှတ်၊ ဘ-၂(၄) ၇/၂(၈၉)နှင့် ၂၀-၅-၁၉၉၃ ရက်စွဲပါ စာအမှတ်၊ ဘ-၂(၄) ၇/၂ (၈၉) (၉၂/၉၃)တို့အရ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် ဝန်ထမ်းအဖွဲ့အစည်းများမှ ကွယ်လွန်သူအငြိမ်းစားများအတွက် ထုတ်ပေးရန် ကျန်ရှိသော အငြိမ်းစားလစာငွေများထုတ်ပေးရေးကိစ္စ။

Office Address and Location Map
Location Map: