Follow Us

တနင်္သာရီတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ထားဝယ်လေဆိပ်အတွင်း ချုံနွယ်များရှင်းလင်း နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေး

Fri, 01/22/2021 - 21:03

ထားဝယ် ဇန်နဝါရီ ၂၂

          ယနေ့ နံနက် ၀၈၃၀ နာရီ အချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးတို့ သည် တိုင်းဒေသကြီး/ ခရိုင်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ထားဝယ်လေဆိပ်ဧရိယာအတွင်း လေဆိပ်သာယာလှပရေး၊ မီးဘေးအန္တရာယ်ကင်းရှင်းစေရေး ကြိုတင်ကာကွယ်မှုအနေဖြင့် ချုံနွယ်များ ရှင်းလင်းဆောင်ရွက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးရာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ထားဝယ်လေဆိပ် တာဝန်ခံတို့က ရှင်းလင်း တင်ပြခဲ့ကြကြောင်း သတင်းရရှိပါသည်။