Follow Us

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ တိုင်းဒေသကြီး လူငယ်တွေ့ဆုံပွဲဖွင့်ပွဲသို့ တက်ရောက်

Sat, 10/22/2016 - 10:43

 

ထားဝယ် အောက်တိုဘာ ၂၂

    တနင်္သာရီတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနနှင့် တနင်္သာရီလူငယ်ကွန်ယက်တို့မှ ဦးဆောင်ကျင်းပသော တနင်္သာရီတိုင်းဒေသကြီးလူငယ်တွေ့ဆုံပွဲကို ယနေ့နံနက်(၉)နာရီအချိန်တွင် ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများ၊ လူငယ်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။ ဖွင့်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူငယ်ဦးဆောင် ကော်မတီအဖွဲ့ဝင် မသီတာစိုးမှ လူငယ်တွေ့ဆုံပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ တွေ့ဆုံပွဲကို (၂)ရက်ကြာ ကျင်းပမည်ဖြစ် ကြောင်း သတင်းရရှိပါသည်။