Follow Us

မြိတ်ခရိုင်ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကော်မတီအလိုက် ဆွေးနွေး

Thu, 10/20/2016 - 14:08

မြိတ် အောက်တိုဘာ ၁၉
    တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကိုအောက်တိုဘာလ(၁၈)ရက် နှင့်(၁၉)ရက်တို့တွင် ကော်မတီ(၈)ရပ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲများကို ကော်မတီအလိုက် သတ်မှတ်နေရာ အသီးသီးတွင်(၂)ရက်ကြာဆွေးနွေးခဲ့ကြရာ ဆွေးနွေးပွဲသို့ တနင်္သာရီတိုင်းဒေသကြီး အစိ်ုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများမှစိတ်အားထက်သန်စွာဖြင့် ပြည်သူများ၏လိုအပ်ချက် ဒေသဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အလုပ်ရုံဆွေးနွေးပွဲကို လုပ်ငန်းကော်မတီ(၈)ရပ်ဖြင့် တက်ရောက်လာကြသူများက ၀ိုင်းဝန်းဆွေးနွေးခဲ့ကြ သည့်ရရှိခဲ့သောဆွေးနွေးပွဲရလာဒ် ဆွေးနွေးချက်များကို အောက်တိုဘာလ(၁၉)ရက် နေ့လယ်(၃)နာရီက ပုလဲရတနာခန်းမတွင် ကော်မတီဥက္ကဌများက ကော်မတီအလိုက် အသီးသီးပြန်လည်ဆွေးနွေးတင်ပြခဲ့ကြရာ ဆွေးနွေးချက်များအဖြစ် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲလုပ်ငန်းကော်မတီမှ(၁၆၂)ချက်၊ လျှပ်စစ်နှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲလုပ်ငန်းကော်မတီမှ (၅၀)ချက်၊စည်ပင်သာယာရေး၊လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲလုပ်ငန်းကော်မတီမှ (၈၇)ချက်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲလုပ်ငန်းကော်မတီမှ(၂၆)ချက်၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဆွေးနွေးပွဲလုပ်ငန်းကော်မတီမှ(၂၂)ချက်၊ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲလုပ်ငန်းကော်မတီမှ (၂၉)ချက်၊ ရေထွက်ပစ္စည်းများ နိုင်ငံခြားသို့တန်ဖိုးမြှင့်ပို့ကုန်အဖြစ် တင်ပို့ရောင်းချနိုင်ရေးဆွေးနွေးပွဲလုပ်ငန်း ကော်မတီမှ(၁၇)ချက်၊ ရှေးဟောင်းအမွေအနှစ်များထိန်းသိမ်းသတ်မှတ်နိုင်ရေးဆွေးနွေးပွဲလုပ်ငန်းကော်မတီမှ (၆)ချက်  ရရှိခဲ့ကြောင်း သိရသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ကြသည့် ဆွေးနွေးပွဲရလာဒ်များသည် ဒေသ၏လိုအပ်ချက်များကို တက်ရောက်ဆွေးနွေးပေးကြသဖြင့်  မိမိတို့ဒေသအကျိုးစီးပွားအတွက် ရလာဒ်ကောင်းများရရှိကြောင်း၊ အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်ခြင်းကြောင့် အကျိုးကျေးဇူးများစွာရရှိကြောင်း၊ ဆွေးနွေးပွဲတက်ရောက်ဆွေးနွေးပေးကြသူများ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောကြားခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲအား ဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားကာ ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။    
    
ရေးသားပေးပို့သူ - ခိုင်ထူး ( မြိတ် ပြန်/ဆက် )