Follow Us

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် တနင်္သာရီမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းဖွင့်ပွဲ တက်ရောက် အမှာစကား ပြောကြား

Thu, 10/20/2016 - 11:58

တနင်္သာရီ အောက်တိုဘာ ၁၉

    တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်သည် တနင်္သာရီမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်းဖွင့်ပွဲကို အောက်တိုဘာလ (၁၉)ရက်နေ့ (၀၉း၃၀) နာရီအချိန်တွင် တနင်္သာရီခန်းမ၌ တက်ရောက်အမှာစကားပြောကြားခဲ့သည်။ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းနိုင်က သင်တန်းဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး သင်တန်းကို ဆက်လက်ပို့ချခဲ့သည်။သင်တန်းကို ရပ်ကွက်(၂)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၉)အုပ်စုတို့မှ ကျေးရွာ အုပ်ချုပ်ရေးမှူး(၂၁)ဦးနှင့် စာရေးဝန်ထမ်း(၂၀)တို့ တက်ရောက်ခဲ့ပြီး အောက်တိုဘာ(၁၈)ရက်မှ (၂၂) ရက်အထိ သင်တန်းပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။