Follow Us

မြိတ်ခရိုင်ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

Wed, 10/19/2016 - 10:33

မြိတ် အောက်တိုဘာ ၁၈ 
    တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကိုအောက်တိုဘာလ(၁၈)ရက် နံနက်(၉)နာရီက မြိတ်မြို့ပုလဲရတနာခန်းမတွင်ကျင်းပခဲ့ရာ ကော်မတီ(၈)ရပ်ဖြင့် ကော်မတီအလိုက် ဆွေးနွေး ကြမည့် တနင်္သာရီတိုင်းဒေသကြီးအစိ်ုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် အဖွင့်အမှာစကားပြောကြားခဲ့သည်။ 
    ဝန်ကြီးချုပ်မှအမှာစကားပြောကြားရာတွင် အလုပ်ရုံဆွေးနွေးပွဲသည် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ရောက်လာကြသူများအားလုံးက ဟန်ချက်ညီညီဖြင့် မိမိတို့ဒေသ၏လိုအပ်ချက် ပြည်သူများ၏လိုအပ်ချက်များ ကို တက်ကြွစွာဖြင့် အင်တိုက်အားတိုက်ဆွေးနွေးပေးစေလိုကြောင်း၊ မြိတ်ခရိုင်သည် ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြေခံကောင်းများစွာရှိသည့်အတွက် ပြည်သူများအနေဖြင့် မိမိတို့၏ အခက်အခဲများနှင့် ခံစားချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့သည်။
    အလုပ်ရုံဆွေးနွေးပွဲလုပ်ငန်းကော်မတီ(၈)ရပ်ဖြစ်သည့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ လုပ်ငန်းကော်မတီ၊ လျှပ်စစ်နှင့်စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲလုပ်ငန်းကော်မတီ၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲလုပ်ငန်းကော်မတီ၊ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ လုပ်ငန်းကော်မတီ၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲလုပ်ငန်းကော်မတီ၊ ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းသတ်မှတ်နိုင်ရေးဆွေးနွေးပွဲလုပ်ငန်းကော်မတီ၊ ရေထွက်ပစ္စည်များနိုင်ငံခြားသို့ တန်ဖိုးမြှင့်ပို့ကုန်အဖြစ် တင်ပို့ရောင်းချနိုင်ရေးဆွေးနွေးပွဲလုပ်ငန်းကော်မတီ၊ စည်ပင်သာယာရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲလုပ်ငန်းကော်မတီများမှ ဆွေးနွေးမည့်အကြောင်းအရာကဏ္ဍကို ရှင်းလင်းပြောကြားခဲ့ကြပြီး ကော်မတီအလိုက် သတ်မှတ်နေရာအသီးသီးတွင် အောက်တိုဘာလ(၁၈)ရက်နှင့် (၁၉)ရက်တို့တွင် ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။
    
ရေးသားပေးပို့သူ - ခိုင်ထူး ( မြိတ် ပြန်/ဆက် )