Follow Us

ပုလောမြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့

Tue, 10/18/2016 - 14:06

 

ထားဝယ် အောက်တိုဘာ ၁၈

          (၁၇.၁၀.၂၀၁၆)ရက်နေ့၊ (၁၅၃၀)နာရီအချိန်တွင် ပုလောမြို့နယ်၊ ကမ်းရိုးတန်းရတနာခန်းမ၌ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ပုလောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်မှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းများ ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ စုစုပေါင်း (၁၁၄)ဦး တက်ရောက်ခဲ့ပြီး (၁၆၀၀)နာရီအချိန်တွင် အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။