Follow Us

တနင်္သာရီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား တူညီဝတ်စုံအနွေးထည် များအား ပေးအပ်ခြင်းအခမ်းအနားကျင်းပ

Thu, 12/03/2020 - 21:40

ထားဝယ် ဒီဇင်ဘာ ၃

          (၁.၁၂.၂၀၂၀) ရက်နေ့ ၀၉၀၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ သုံးထပ်ဆောင်အစည်းအဝေးခန်းမ၌ ဝန်ထမ်းများအား တူညီဝတ်စုံအနွေးထည်များအား ပေးအပ်ခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းအုပ်ချုပ်ရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ကျော်၊ တိုင်း‌ဒေသကြီးညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းအုပ်ချုပ် ရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ကျော်က အမှာစကားပြောကြားကာ အရာထမ်း၊ အမှုထမ်း၊ စုစုပေါင်း(၂၂၈)ဦးအား တူညီဝတ်စုံ အနွေးထည်များအား ပေးအပ်ခဲ့ပြီး တူညီဝတ်စုံ အနွေးထည်များဝတ်ဆင်၍ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သတင်းရရှိပါသည်။