Follow Us

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန

Mon, 10/17/2016 - 16:03

Vertical Tabs

About Topic

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များ
(က) စိုက်ပျိုးရေ ရရှိရေးအတွက် ဆည်မြောင်းစီမံကိန်းလုပ်ငန်းကြီးများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။
(ခ ) တည်ဆောက်ပြီး ဆည်မြောင်းတာတမံများကို ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။
(ဂ ) ကျေးရွာဆည်မြောင်းလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်း။

ဦးစီးဌာန၏လုပ်ငန်း/အကြောင်းအရာအလိုက် ဆောင်ရွက်လျှက်ရှိသည့် လုပ်ထုံးလုပ်နည်းများ   
 
   တနင်္သာရီတိုင်းဒေသကြီး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် နွေရာသီအချိန်၌ နှစ်စဉ်ကြုံတွေ့နေ ရသည့် ရေရှားပါးမှုပြသနာ လျော့နည်းသွားစေရေးနှင့် ကျေးလက်ဒေသ သောက်သုံးရေရရှိရေးအတွက် ရေလှောင်တမံ တည်ဆောက်နိုင်ရန် ရေအရင်းအမြစ်ရရှိရေး ကွင်းဆင်း ဆောင်ရွက်ခြင်း၊ လေ့လာဆန်းစစ်မှုများ ဆောင်ရွက်ပြီး ကွင်းဆင်း လေ့လာတွေ့ရှိချက် အစီရင်ခံစာရေးသားပြုစုကာ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။
     တနင်္သာရီတိုင်းဒေသကြီး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနသည် ထိန်းသိမ်းရေးရုံးဖြစ်သည့်အားလျှော်စွာ တည်ဆောက်ပြီး ဆည်/ကန်/ ရေလှောင်တမံ/ရေထိန်းတံခါးနှင့် ရေငန်တားတာတမံများအား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို အဓိက ဆောင်ရွက်လျှက်ရှိပါသည်။  
    ရေရရှိရေးလုပ်ငန်းအနေဖြင့် တည်ဆောက်ထိန်းသိမ်းထားသော ဆည်/ကန်/ ရေလှောင်တမံများမရှိပါ။ နွေစပါးရာသီအတွင်း နွေစပါးနှင့်အခြားသီးနှံများ စိုက်ပျိုးရေရရှိရေးအတွက် ဌာနမှ တည်ဆောက်ပေးထားသော ရေထိန်းတံခါးများဖြင့် ရေချိုသိုလှောင် ထိန်းသိမ်းပြီး ရေပေးဝေခြင်းနှင့် ချောင်းပိတ်/မြောင်းပိတ်လုပ်ငန်းဖြင့် ရေပေးဝေခြင်းလုပ်ငန်းများ စီစဉ်ဆောင်ရွက်ပေးလျှက် ရှိပါသည်။
     ရေဘေးကာကွယ်ရေးလုပ်ငန်းအနေဖြင့် ချောင်းများ တိမ်ကောမှုကြောင့် ချောင်းကော/မြောင်းကောတူးဖော်ပေးခြင်းနှင့် ရေငန်တားတာတမံများ (ဌာနထိန်းတာ+ လယ်သမားတာ)အား အဆင့်မြှင့်တာပုံစံကျ ပြန်လည်ပြုပြင်ပေးခြင်း၊ ရေထိန်း/ ရေထုတ် တံခါးများ တည်ဆောက်ပေးခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်ပေးလျှက်ရှိပါသည်။
     ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရမည့် ပြင်ဆင်ထိန်းသိမ်း ခြင်းလုပ်ငန်းများ၊ ရေဘေးကာကွယ်ရေးနှင့် ရေငန်တားဆီးရေးအတွက် ရေငန်တားတာတမံများ ချောင်းကော /မြောင်းကောများ ပြုပြင်တူးဖော်ရာတွင် ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ၊ အဆင့်ဆင့်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေများအား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။
၁။ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများအား ကွင်းဆင်းပြီး မြေပြင်တိုင်းတာ မှတ်တမ်းတင်ခြင်း၊ ခန့်မှန်းခြေစာရင်းရေးဆွဲပြုစုခြင်း။
၂။ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများအတွက် လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်ရေးဆွဲတင်ပြခြင်း၊ ရန်ပုံငွေရရှိရေးအတွက် ဘတ်ဂျက်ပြုစုရေးဆွဲတင်ပြခြင်း။
၃။ ဘဏ္ဍာရေးနှစ်အလိုက် ခွင့်ပြုရန်ပုံငွေပေါ်မူတည်လျှက် ရေးဆွဲပြုစုထားသော လုပ်ငန်းခန့်မှန်းခြေစာရင်းများအား ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရုံးချုပ်) (သို့မဟုတ်)တိုင်းဒေသကြီး  တည်ဆောက်ရေးလုပ်ငန်းစီစစ်ရေးကော်မတီ၏ ကျွမ်းကျင်မှုဆိုင်ရာ ခွင့်ပြုမိန့်ရယူခြင်း၊ သက်ဆိုင်ရာ ဒေသအာဏာပိုင် အထက်အဖွဲ့အစည်းများသို့ လုပ်ငန်း စတင်ဆောင်ရွက်ခွင့်ပြုမိန့် တင်ပြတောင်းခံခြင်း။
၄။ လုပ်ငန်းဆောင်ရွက်ခွင့်ပြုမိန့် တင်ပြတောင်းခံပြီးနောက် ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်အတိုင်း ခရိုင်/မြို့နယ် တာဝန်ခံအင်ဂျင်နီယာဝန်ထမ်းများမှ လုပ်ငန်းများ စတင်အကောင် အထည် ဖော်ဆောင်ရွက်ခြင်း။
၅။ ခရိုင်/မြို့နယ်အလိုက်အကောင်အထည်ဖော်ဆောင်ရွက်သည့်လုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုရာခိုင်နှုန်းပေါ်အခြေခံလျှက် လုပ်ငန်းဆောင်ရွက်မှု ဓါတ်ပုံမှတ်တမ်းများ ပူးတွဲလျှက် လုပ်ငန်းအသုံးစရိတ် (ပစ္စည်းဘိုး + လုပ်အားခ)များ ပေးချေနိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ ဘဏ်ငွေထုတ်ကန့်သတ်ချက်(D.L) လိုအပ်ငွေ တင်ပြတောင်းခံခြင်း။
၆။ ခရိုင်/မြို့နယ်အလိုက် ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းအလိုက် လုပ်ငန်းအတိုင်းအတာပမာဏတို့အား ဌာန၏ အတိုင်းအတာစာအုပ်(M.B)တွင် ဆောင်ရွက်သည့် နေ့စွဲအလိုက် အသေးစိတ်တိုင်းတာတွက်ချက်မှုအား မှတ်တမ်းတင်ရေးသွင်းပြုစုခြင်း၊ ငွေတောင်းခံလွှာ(Bill)များ ပြုစုတင်ပြခြင်း။
၇။ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခွင့်ပြုသောဘဏ်ငွေထုတ်ကန့်သတ်ချက်(D.L)အရ ဆောင်ရွက်ပြီးလုပ်ငန်းများအတွက် လုပ်ငန်းအသုံးစရိတ်များ ပေးချေပြီးပါက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအပေါ် အခြေခံလျှက် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဒုတိယအကြိမ် ဘဏ်ငွေထုတ်ကန့်သတ်ချက်(D.L)လိုအပ်ငွေတင်ပြတောင်းခံခြင်းနှင့် လုပ်ငန်းအသုံးစရိတ်များ ပေးချေခြင်း။
၈။ ခရိုင်/မြို့ နယ်အလိုက် လုပ်ငန်းများ အချောသတ်ဆောင်ရွက်နေချိန်တွင် လုပ်ငန်းအသုံးစရိတ်ကျန်ရှိငွေအား ဘဏ်ငွေထုတ်ကန့်သတ်ချက် (D.L)အပြီးသတ် တောင်းခံခြင်းနှင့် အသုံးစရိတ်များပေးချေခြင်း၊လုပ်ငန်းတစ်ခုချင်းအလိုက် (၁၀၀%)ပြီးစီးသော လုပ်ငန်းများအတွက် လုပ်ငန်းပြီးစီးကြောင်းအစီရင်ခံစာ(ပလစ ပုံစံ-၄၄) ဖြင့် တင်ပြရခြင်း။
၉။ ခရိုင်/မြို့နယ်အလိုက်လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေအား တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး၊ အုပ်ချုပ်မှုအောက်ရှိ ခရိုင်/မြို့နယ်စာရင်းစစ်အဖွဲ့များမှ စစ်ဆေးမှုအားခံယူရခြင်း။
၁၀။ လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရုံးချုပ်)နှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုနှင့်အညီ ဆောင်ရွက်ရခြင်း။
၁၁။ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရှိ စက်ယန္တရားများသည် နိုင်ငံပိုင်ပစ္စည်းများဖြစ်သည့်အတွက် စက်ယန္တရားများ၏လုံခြုံရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးတို့အား ဌာနမှ တာဝန်ရှိအရာထမ်း၊ အမှုထမ်းအင်ဂျင်နီယာများမှ တာဝန်ခံရခြင်းစသဖြင့် ဌာနဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာလုပ်ထုံး လုပ်နည်းများနှင့်အညီ အထက်အဆင့်ဆင့်၏ လမ်းညွှန်ချက်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

Office Address and Location Map
Location Map: