Follow Us

တနင်္သာရီတိုင်းဒေသကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းဆန္ဒထုတ်ဖော်ပွဲ(ဒါဘာ) အစည်းအဝေး ကျင်းပ

Thu, 11/26/2020 - 23:16

ထားဝယ် နိုဝင်ဘာ ၂၆

          ယနေ့ ၁၄၀၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဝန်ထမ်းဆန္ဒထုတ်ဖော်ပွဲ(ဒါဘာ) အစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ကျော်၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး များနှင့် အရာထမ်း၊ အမှုထမ်းများ စုစုပေါင်းအင်အား(၁၂၇)ဦး တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ကျော် က ဝန်ထမ်းများအနေဖြင့် ဆိုက်ကယ်စီးနင်းရာတွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းများကို လိုက်နာကြရမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍လည်း ဝန်ထမ်းများ ကင်းရှင်းစွာနေထိုင်ကြရန်လိုကြောင်း၊ ရုံးချိန်အတွင်း ဝန်ထမ်းများ ရုံးယူနီဖောင်းဝတ်စားဆင်ယင်မှုနှင့်ပတ်သက်၍စနစ်တကျဝတ်ဆင်ကြရန် သက်ဆိုင်ရာ အရာရှိများက ကြီးကြပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

          ထိုနောက် လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးထွေးဦး က ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ အစည်းအဝေးအမှတ်စဉ်(၃/၂၀၂၀)၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက် ပြီးစီးမှုအခြေအနေအား တင်ပြခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်း က ရုံးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး တင်ပြခဲ့ပြီး တက်ရောက်လာသည့်ဝန်ထမ်းများက လိုအပ်သည်များဆွေးနွေးတင်ပြခဲ့ကာ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ကျော် မှ နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ၁၄၃၀ နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိ ပါသည်။