Follow Us

တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၇/၂၀၂၀)ကြိမ်မြောက် အစည်းအဝေးကျင်းပ

Tue, 11/24/2020 - 23:30

ထားဝယ် နိုဝင်ဘာ ၂၄

          ယနေ့ ၁၄၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ(၂)၌ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၇/၂၀၂၀)ကြိမ်မြောက် အစည်းအဝေးကျင်းပ ပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို၊ တိုင်း‌ဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ကော်မတီဝင်များတက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ မြန်ဆန်ထိရောက်စွာဖြင့် အရှိန်ဟုန်မြှင့်တင် ဆောင်ရွက်သွား ရန် လိုအပ်ပါကြောင်း၊ ဒေသအတွင်းဘက်စုံစီးပွားရေးဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်မှုအား (၁၅.၁၁.၂၀၂၀)ရက်‌နေ့တွင် ကျင်းပပြုလုပ်သော (၄)ကြိမ်မြောက် ဒေသအတွင်းဘက်စုံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ထိပ်သီးအစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တက်‌ရောက်ခဲ့ပြီး The Regional Comprehensive Economic Partnership(RCEP) သဘောတူစာချုပ်ကို အဖွဲ့ဝင်နိုင်ငံ များ၏ စီးပွားရေးဝန်ကြီးများက နိုင်ငံ့ခေါင်းဆောင်များ၏ရှေ့မှောက်တွင် လက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်ညီသောလုပ်ငန်းများအား တနင်္သာရီ တိုင်းဒေသကြီးအတွက် ရသင့်ရထိုက်သော အကျိုးမြတ်များရရှိစေရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများအနေဖြင့် ကူညီဆောင်ရွက်ပေးစေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ ပါသည်။

          ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို က ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကာ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းထွန်း က တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား ရှင်းလင်းတင်ပြရာ ကော်မတီဝင်အသီးသီး က ဆွေးနွေးတင်ပြခဲ့ကြပြီး ၁၄၃၀ နာရီအချိန်တွင် အစည်းအဝေးပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။