Follow Us

၂၀၁၆ခုနှစ် ၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဖလားမြို့နယ်ပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

Sat, 10/15/2016 - 13:51


ထားဝယ်        အောက်တိုဘာ  ၁၅
    တနင်္သာရီတိုiiင်းဒေသကြီးကိုယ်စားပြု ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်ပြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဖလားမြို့နယ်ပေါင်းစုံအမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ထားဝယ်မြို့၊တိုင်းဒေသကြီးအားကစားကွင်း တွင်  အောက်တိုဘာလ(၁၄)ရက်ညနေ(၃)နာရီအချိန် ကျင်းပရာ ထားဝယ်မြို့နယ်အသင်းနှင့် လောင်းလုံး မြို့နယ်အသင်းတို့ အကျိတ်အနယ်ယှဉ်ပြိုင်ကစားကြရာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊    တရားသူကြီးချုပ်၊ ဥပဒေချုပ်၊စာရင်းစစ်ချုပ် နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊  အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြပါသည်။
    ထိုပြိုင်ပွဲတွင် ထားဝယ်မြို့နယ်အသင်းမှ (၂)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ယင်းနောက် ဆုချီးမြှင့်ပွဲ  အခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး ဥပဒေချုပ် ဦးစိုးမြင့်က အရှေ့တန်း အကောင်းဆုံး ဆု၊အလယ်တန်းအကောင်းဆုံးဆု၊အနောက်တန်းအကောင်းဆုံးဆု၊ဂိုးသမား အကောင်းဆုံးဆု၊ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုများကို လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်   လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးကြည်လှိုင်က ဒုတိယဆုရရှိသော လောင်းလုံးမြို့နယ်အသင်းအား လည်းကောင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးတင်အောင်က ပထမဆုရရှိသော   ထားဝယ်မြို့နယ်အသင်းအားလည်းကောင်း၊ တစ်ဦးချင်းဆု နှင့် ငွေသားဆုများကို အသီးသီးပေးအပ်  ချီးမြှင့်ခဲ့ကြသည်။
        ထို့နောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဖလားမြိုနယ်ပေါင်းစု အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသောထားဝယ်မြို့နယ်အသင်းအား တံခွန်စိုက်ဒိုင်းဆုဖလားကို  တိုင်းဒေသကြီးဝန်ကြီးချုပ်(ကိုယ်စား) တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဦးဟိုပင်က ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

                                                                                (တနင်္သာရီတိုင်းဒေသကြီးပြန်/ဆက်)