Follow Us

ထော်လာဂျီတိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရှိသူများအား ဝန်ကြီးချုပ်မှ သွားရောက်တွေ့ဆုံအားပေး

Sat, 10/15/2016 - 13:29


ထားဝယ် အောက်တိုဘာ ၁၅
         တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ယနေ့နံနက် (၉)နာရီ ထားဝယ်ပြည်သူ့ ဆေးရုံကြီး ခွဲစိတ်ကုသဆောင်တွင် တက်ရောက်ကုသနေသော ထော်လာဂျီတိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသွားသော လူနာ(၆)ဦးအား သွားရောက်တွေ့ဆုံ အားပေးခဲ့ပါသည်။ အဆိုပါ ယာဉ်သည် မောင်းမကန်ကျေးရွာမှ ထားဝယ်မြို့သို့ငါးများပို့ရန် မောင်းနှင်လာစဉ် မောင်းမကန်-ထားဝယ်သွားကားလမ်း မိုင်တိုင်အမှတ် (၆/၇)မိုင်မှ (၇/၇)မိုင် အကြား တောင်အဆင်းတွင် ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်သို့ တိမ်းမှောက်သွားကြောင်း သတင်းရ ရှိပါသည်။