Follow Us

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

Fri, 10/14/2016 - 17:18

Vertical Tabs

About Topic

ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ
(၁)    ကျေးရွာချင်းဆက်လမ်း၊ တံတားများနှင့် ခရိုင်ချင်းဆက်လမ်းတံတားများ တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်း၊
(၂)    ကျေးလက်ဒေသသန့်ရှင်းသော သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးခြင်း၊
(၃)    ကျေးလက်ဒေသကျန်းမာသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊
(၄)    ကျေးလက်အိမ်ရာများ တည်ဆောက်ပေးခြင်း၊
(၅)    ကျေးလက်မီးလင်းရေး ဆောင်ရွက်ပေးခြင်း၊
(၆)    ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊
(၇)    ကျေးလက်ကုန်ထုတ်လုပ်ငန်းများ ဖော်ထုတ်ဆောင်ရွက်ပေးခြင်း၊
(၈)    ကျေးလက်ပြည်သူများအတွက် အသေးစားချေးငွေလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊
(၉)    ကျေးလက်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်း၊
(၁၀)    ကျေးလက်ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများဖော်ထုတ်ထိန်းသိမ်းခြင်း၊
(၁၁)    မြို့ပြနှင့် ကျေးလက်လူမှုစီးပွားဘဝကွာဟမှု ကျဉ်းမြောင်းစေရေးအတွက် မဟာဗျူဟာအစီအမံများ ချမှတ်ဆောင်ရွက်ပေးခြင်း၊
(၁၂)    ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးလုပ်ငန်းစဉ် (၈)ရပ်တွင် အကျုံးဝင်သောကိစ္စရပ်များ ဆောင်ရွက်ပေးခြင်း။

ဦးစီးဌာန၏ လုပ်ငန်း/အကြောင်းအရာအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ထုံးလုပ်နည်းများ    
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့်  ကျေးလက်ဒေသဖွံ့ဖြိုးရေးဥပဒေနှင့် နည်းဥပဒေများ အတည်မပြုရသေးပါသဖြင့်  ဌာနရှိဝန်ထမ်းများအတွက်  ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ သတ်မှတ်ပြဌာန်းထားသော ရုံးလုပ်ငန်းလက်စွဲပါ ဝန်ထမ်းစည်းမျဉ်းစည်းကမ်း ဥပဒေများအရလည်းကောင်း၊ ဘဏ္ဍာငွေသုံးစွဲမှုအတွက် ပြည်ထောင်စုအဆင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သတ်မှတ်ထုတ်ပြန်ထားသော ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းစည်းကမ်းများအရလည်းကောင်း၊ ဌာနမှတင်ဒါများခေါ်ယူသောလုပ်ငန်းများအတွက် ပြည်ထောင်စုအဆင့် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)တို့မှ ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း ဆောင်ရွက်လျက်ရှိပါသည်။

 

 

Office Address and Location Map
Location Map: