Follow Us

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်း ရေပေးဝေရေးလုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

Thu, 10/22/2020 - 22:18

ထားဝယ် အောက်တိုဘာ ၂၂

          ယနေ့ ၁၄၀၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်း ရေပေးဝေရေးလုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာရေး ဝန်ကြီး ဦးဟိုပင် က မြိတ်ခရိုင်အတွင်း ရေပေးဝေရေးလုပ်ငန်းနှင့်ပတ်သက်၍ တက်ရောက်လာ သောကော်မတီဝင်များနှင့် ဌာနဆိုင်ရာများမှ မည်သည့်တင်ဒါစနစ်ဖြင့်ဆောင်ရွက်သင့်ကြောင်း တိကျသေချာစွာဖြင့် ဆွေးနွေးတင်ပြပေးစေလိုကြောင်း အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။

          ထို့နောက် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသက်လွင်ဦး က စီမံကိန်း နှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ပြီး ထားဝယ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက် အင်ဂျင်နီယာ ဦးဇင်မျိုးအောင်က မြိတ်ခရိုင်အတွင်း ရေပေးဝေရေးလုပ်ငန်းများကို လျှောက်ထားလာသည့် ကုမ္ပဏီများ၏အချက်အလက်များအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပါ သည်။

          ဆက်လက်၍ Power Point ဖြင့်တင်ပြချက်များအပေါ် အစည်းအဝေးတက်ရောက်လာသည့် ကော်မတီဝင်များမှ သုံးသပ်ချက်၊ အကြံပြုချက်များနှင့် လိုအပ်ချက်များအား ဆွေးနွေးတင်ပြခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင် က နိဂုံးချုပ်စကား ပြောကြားကာ အစည်းအဝေးကို ၁၅၃၀ နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။