Follow Us

တနင်္သာရီတိုင်းဒေသကြီး COVID – 19 ကာကွယ်ရေးပစ္စည်းများအား လက်ခံ၊ ဖြန့်ဖြူးရေးလုပ်ငန်း ကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

Wed, 10/21/2020 - 22:55

ထားဝယ် အောက်တိုဘာ ၂၁

          ယနေ့ ၁၀၀၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တနင်္သာရီတိုင်းဒေသကြီး COVID – 19 ကာကွယ်ရေးပစ္စည်းများအား လက်ခံ၊ ဖြန့်ဖြူးရေးလုပ်ငန်း ကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး COVID-19 ကာကွယ်ရေးပစ္စည်းများအား လက်ခံ၊ ဖြန့်ဖြူးရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းနှင့် ကော်မတီ အဖွဲ့ဝင်များတက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး COVID-19 ကာကွယ်ရေးပစ္စည်းများအား လက်ခံ၊ ဖြန့်ဖြူးရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း က COVID-19 ကာကွယ်ရေးပစ္စည်း များအား မဲပေးသူပြည်သူတစ်ဦးချင်းစီ၏ လက်ထဲသို့ရောက်ရှိနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းရမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနများမှလည်း စီမံချက်များရေးဆွဲ၍ တင်ပြနိုင်ရေးအတွက် ကြိုတင်ညှိ နှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသော ကော်မတီဝင်များက အထွေထွေဆွေးနွေးတင်ပြခဲ့ကြပြီး တနင်္သာရီတိုင်းဒေသကြီး COVID-19 ကာကွယ်ရေးပစ္စည်းများအား လက်ခံ၊ ဖြန့်ဖြူးရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီး ဦးကျော်မင်း က နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ၁၁၀၀ နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။