Follow Us

တိုင်းဒေသကြီးအဆင့် ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်အစီအစဉ်တွင် HPV (Human Papillomavirus Vaccine-HPV) ကာကွယ်ဆေး စတင်ထည့်သွင်းခြင်း ဖွင့်ပွဲအခမ်းအနာကျင်းပ

Tue, 10/20/2020 - 23:48

ထားဝယ် အောက်တိုဘာ ၂၀

          ယနေ့ ၁၃၀၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ တိုင်းဒေသကြီးအဆင့် ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်အစီအစဉ်တွင် HPV (Human Papillomavirus Vaccine-HPV) ကာကွယ်ဆေး စတင်ထည့်သွင်းခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင် တက်ရောက်လာသူများက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အဖွင့်မိန့်ခွန်းကို ဗီဒီယိုဖိုင်ဖြင့် ကြည့်ရှုခဲ့ပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် HPV ကာကွယ်ဆေး စတင်ထည့်သွင်းခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားထားသည့် ဗီဒီယိုဖိုင်အားလည်းကောင်း၊ ပညာပေးဗီဒီယိုဖိုင်အားလည်းကောင်း ကြည့်ရှုခဲ့ကြပါသည်။

          ဆက်လက်၍ ၁၃၃၀ နာရီအချိန်တွင် ဖွင့်ပွဲအခမ်းအနားပြီးမြောက်ခဲ့ပြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကာကွယ်ဆေးထိုးပေးနေမှုအားကို ကြည့်ရှုအားပေးခဲ့ကာ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။