Follow Us

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန

Fri, 10/14/2016 - 11:54

Vertical Tabs

About Topic

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ
(၁) တစ်နိုင်ငံလုံး၏ အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ယူဆောင်ရွက်ခြင်း
(၂) တိရစ္ဆာန်မွေးမြူထုတ်လုပ်ရေးဆိုင်ရာ ကိန်းဂဏန်းများ ကောက်ယူခြင်း
(၃) တိရစ္ဆာန်ရောဂါကာကွယ်၊ ကုသဆေးများ ထုတ်လုပ်ခြင်းနှင့် ရောဂါကာကွယ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း
(၄) တိရစ္ဆာန်စားကျက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း
(၅) တိရစ္ဆာန်မျိုးကောင်းမျိုးသန့်တိုးပွားရေးအတွက်မေထုန်မဲ့သားစပ်လုပ်ငန်းများဆောင်ရွက်ခြင်း
(၆) တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့ကျင့်ပညာပေးခြင်း၊ သုတေသနလုပ်ငန်းများနှင့် ဓာတ်ခွဲခန်းလုပ်ငန်းများ ဆောင်ရွက်ခြင်း
(၇) ပုဂ္ဂလိကမွေးမြူရေးကဏ္ဍတိုးတက်ရေးအတွက် စံပြကျေးရွာများ ဖွင့်လှစ်ဆောင်ရွက်ခြင်း
(၈) ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးလုပ်ငန်းများတွင် မွေးမြူရေးနှင့် သားငါးကုန်ထုတ်လုပ်မှုကဏ္ဍတိုးတက်ရေးဆောင်ရွက်ခြင်း
(၉) တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း ပို့ကုန်သွင်းကုန်စစ်ဆေးထောက်ခံခြင်း၊ တိရစ္ဆာန် ကျန်းမာရေး စစ်ဆေးရေး စခန်းလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် နယ်စပ်တိရစ္ဆာန် ဖြတ်သန်းသွားလာမှု စစ်ဆေးရေးစခန်းလုပ်ငန်းဆောင်ရွက်ခြင်း
(၁၀) ပြည်နယ်/ တိုင်းဒေသကြီးအသီးသီးတွင် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ခြင်း
(၁၁) နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် ဘိန်းအစားထိုးလုပ်ငန်းများဆောင်ရွက်ခြင်း
(၁၂) စံပြမွေးမြူရေးခြံများ ထူထောင်၍ သိပ္ပံနည်းကျ မွေးမြူထုတ်လုပ်မှုဆောင်ရွက်ခြင်း
 

ဦးစီးဌာနလုပ်ငန်း/ ဆောင်ရွက်လျက်ရှိသော လုပ်ထုံးလုပ်နည်းများ
    ဝန်ကြီးဌာန၏ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသကဏ္ဍ၏ အဓိကရည်ရွယ်ချက် ဖြစ်သည့် စဉ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး (Sustain able rural developmeny) စားနပ်ရိက္ခာဖူလုံရေး (Food security) နှင့် အစားအစာများသန့်ရှင်းလတ်ဆတ်ရေး (Food safety) တို့အနက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် တနသာင်္ရီတိုင်းဒေသကြီးအတွင်း အသား ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကတာဝန်ယူဆောင်ရွက်နေပါသည်။
    ယင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်ခွဲ၊ မြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီး အဆင့်ဆင့်အထိ ရုံးများဖွင့်လှစ်ထားရှိပြီး ဝန်ထမ်းများခန့်ထားကာ၊ လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပါသည်။
    တိုင်းဒေသကြီးအတွင်း အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနဝန်ထမ်းများမှ တိရစ္ဆာန်မွေးမြူထုတ်လုပ်မှုဆိုင်ရာ ကိန်းဂဏန်းများ ကောက်ယူပြုစုခြင်း၊ တိရစ္ဆာန်ရောဂါကာကွယ်ကုသမှုများဆောင်ရွက်ခြင်း၊ မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် 
လေ့ကျင့်ပညာပေးခြင်း၊ မျိုးကောင်းမျိုးသန့် တိရစ္ဆာန်များဖြန့်ဖြူးပေးခြင်း၊ မေထုန်မဲ့သားစပ်လုပ်ငန်း များဆောင်ရွက်ခြင်း၊ နို့စားနွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းနေအရွယ်ကလေးများ နို့တိုက်ကျွေးခြင်းလုပ်ငန်း (School milk program)၊ တိရစ္ဆာန်စားကျက်ဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် အရင်းမပျောက်မတည်ငွေကျပ်(၃၀၀)သိန်းစိုက်ထူကာ မြစိမ်းရောင်ကျေးရွာများ ထူထောင်ခြင်း လုပ်ငန်းကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။
    ထို့အပြင် နိုင်ငံတော်မှ စီမံကိန်းချမှတ်ဆောင်ရွက်လျက်ရှိသော ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့် ဆင်းရဲမှုလျော့ချရေးလုပ်ငန်းကဏ္ဍ(၈)ရပ်တွင်ပါဝင်သော မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလုပ်ငန်းများကိုလည်း တစ်ပြိုင်နက်ဆောင်ရွက်လျက်ရှိရာ ယင်းလုပ်ငန်းစဉ်များအရ ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်းများ အောင်မြင်စွာ လုပ်ကိုင်၍ ဝင်ငွေ တိုးတက်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးရန် ရည်ရွယ်ချက်ဖြင့် အောက်ပါလုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိပါသည်-
(က) မွေးမြူရေးအစုအဖွဲ့များဖွဲ့စည်းခြင်း
(ခ ) စိုက်ပျိုးရေးနှင့် မွေးမြူရေးကို တွဲဘက်လုပ်ကို်င်ခြင်းဖြင့် ဝင်ငွေပိုမိုတိုးစေရန် ပေါင်းစည်းလယ်ယာများ တည်ထောင်ခြင်း
(ဂ ) မျိုးကောင်းမျိုးသန့် တိရစ္ဆာန်များ ဖြန့်ဖြူးခြင်း
(ဃ) မွေးမြူရေးဆိ်ုင်ရာသင်တန်းများ ဖွင့်လှစ်ပေးခြင်း
(င ) အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေများ ရရှိရန်ဆောင်ရွက်ပေးခြင်း
     အထက်ဖော်ပြပါလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သောအကူအညီများရယူလိုပါက၊ နီးစပ်ရာမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူးရုံးများသို့ သွားရောက်တောင်းခံနိုင်ပါသည်။

Office Address and Location Map
Location Map: