Follow Us

တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများအား (၂)လစာချေးငွေ ထုတ်ပေးခြင်းနှင့် အခြေခံစားသောက်ကုန် ပစ္စည်းများထောက်ပံ့

Tue, 10/06/2020 - 18:35

ထားဝယ် အောက်တိုဘာ ၆

          ယနေ့ နံနက် ၁၀၃၀ နာရီအချိန် တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းအုပ်ချုပ်ရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ကျော် က တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများကို တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း (၂၂၉)ဦးအား ထောက်ပံ့ပေးအပ်ခဲ့ပြီး နိုင်ငံတော်မှ ထုတ်ချေးသည့် (၂)လစာချေးငွေများအားဝန်ထမ်းများ ထုတ်ချေးနေမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။