Follow Us

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်း COVID-19 ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား သွားရောက်ကြည့်ရှုစစ်ဆေး

Mon, 10/05/2020 - 02:10

ထားဝယ် အောက်တိုဘာ ၄

          ယနေ့ ၁၆၅၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း တို့သည် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လိုက်ပါလျက်  ပုလောမြို့နယ်၊ ပြည်သူ့ဆေးရုံ၌ COVID – 19 သံသယလူနာများအား Quarantine ထားရှိဆောင်ရွက်ထားမှုအား လည်းကောင်း၊ မြို့နယ်မိုးလုံလေလုံအားကစားရုံအတွင်း Facility Quarantine အဖြစ်ဆောင်ရွက် ထားရှိမှုအားလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများ က ရှင်းလင်းတင်ပြ ခဲ့ခြင်းအပေါ် လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။