Follow Us

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် COVID-19 ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား သွားရောက်ကြည့်ရှုစစ်ဆေး

Fri, 10/02/2020 - 01:11

ထားဝယ် အောက်တိုဘာ ၁

          ယနေ့ ၁၆၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးတို့သည် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင်ဌာနဆိုင်ရာများ လိုက်ပါလျက် ဇမ္ဗူသီရိ မွန်မြတ်သောကုသိုလ်ပြုအရေးပေါ်လူနာ(အခမဲ့) ကူညီသယ်ဆောင်ရေး အဖွဲ့(ထားဝယ်) အား အလှူငွေကျပ်(၁၀)သိန်းနှင့် PPE ဝတ်စုံများ သွားရောက်လှူဒါန်းရာ တာဝန်ရှိသူ က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။

          ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် Community Based Facility Quarantine အဖြစ်ထားရှိသော သာသနာ့ဗိမာန်နှင့် ရွှေဝယ်သီရိ မိုးလုံလေလုံအားကစားခန်းမ သို့လည်းကောင်း၊ ထားဝယ်မြို့၊ (၈)မိုင် ယာယီကုန်တင်ယာဉ်ရပ်နားစခန်းသို့လည်းကောင်း၊ သွားရောက်ကာ COVID-19 ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေအားကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ က ရှင်းလင်းတင်ပြခဲ့ခြင်းအပေါ် လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိ ပါသည်။