Follow Us

သာသနာရေးဦးစီးဌာန၏ရည်မှန်းချက်နှင့်လုပ်ငန်းတာဝန်များ

Thu, 10/13/2016 - 16:43

Vertical Tabs

About Topic

ရည်မှန်းချက်
(၁ ) နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ အသိအမှတ်ပြုထားသော ဘာသာအသီးသီး၏ လွတ်လပ်စွာကိုးကွယ်ခွင့်ရရှိရေး ကူညီဆောင်ရွက်ရန်။
(၂ ) ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အလေးထားဆောင်ရွက်ရန်။
(၃ ) ဘာသာအသီးသီး၏ နေ့ထူးနေ့မြတ်များ သတ်မှတ်ခြင်းနှင့် အခမ်းအနား ကျင်းပနိုင်ရေး ကူညီဆောင်ရွက်ရန်။
(၄ ) ဘာသာအသီးသီး၏ ခေါင်းဆောင်များနှင့် အခါအားလျော်စွာတွေ့ဆုံခြင်း၊ ဘာသာရေးအခမ်းအနားများသို့ တက်ရောက်ခြင်းနှင့် ကူညီထောက်ပံ့ခြင်း များ ဆောင်ရွက်ရန်။
(၅ ) သံဃာအချင်းချင်း ဂိုဏ်းအချင်းချင်း စည်းလုံးညီညွတ်မှုရှိစေရန်။
(၆ ) သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၊ သာသနာ့အနွယ်ဝင်သီလရှင်အဖွဲ့အစည်း အဆင့်ဆင့် ရွေးချယ်ဖွဲ့စည်းခြင်း၊ ဝါဆိုသံဃာစာရင်း၊ ဝါဆိုသီလရှင်စာရင်း နှစ်စဉ်ကောက်ယူရေး ဆောင်ရွက်ရန်။
(၇ ) သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ မှုခင်းကိစ္စရပ်များ၊ ဝိနိစ္ဆယရေးရာမှုခင်း များ၌ သာသနာရေးရာ ထောက်ပံ့ကူညီဆောင်ရွက်ပေးရန်။
(၈ ) ဝိနိစ္ဆယမှုခင်းဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့်ညှိနှိုင်း၍ လုံခြုံရေး အထောက်အကူကို ရယူဆောင်ရွက်ရန်။
(၉ ) နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ နှင့် ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်းကြီး၏ ပုံမှန်နှင့် အထူးအစည်းအဝေး များ ပြုလုပ်ရာ၌ စီစဉ်ဆောင်ရွက်ပေးရန်။
(၁၀) သံဃာတော်များ ဦးဆောင်လျက် သံဃနာယကသင်တန်းနှင့် ဝိနည်းဓိုရ် သင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချရန်။
(၁၁) သာသနာရေးဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရန်။
(၁၂) ပရိယတ္တိဆိုင်ရာ ဘွဲ့တံဆိပ်တော်(၆)မျိုး၊ ဓမ္မကထိကဘွဲ့တံဆိပ်တော် (၂)မျိုးတို့ကို စိစစ်တင်ပြ၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပွဲ ကျင်းပနိုင်ရေးဆောင်ရွက်ရန်။
(၁၃) ဗဒ္ဓသိမ် သမုတ်ရန်ကိစ္စ၊ သာသနာ့မြေလျှောက်ထားသည့်ကိစ္စ၊ ဂေါပက စည်းမျဉ်းများနှင့် သာသနိကအဆောက်အဦများ ဆောက်လုပ်ခြင်းစသော ကိစ္စရပ်များတွင် စိစစ်ထောက်ခံဆောင်ရွက်ပေးရန်။
(၁၄) တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ဓမ္မာစရိယ၊ ပထမပြန်၊ နိကာယ်ငါးရပ်၊ အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ်စာမေးပွဲများ၊ စာဖြေဌာနများ ဖွင့်လှစ်ကျင်းပခြင်း၊ အောင်စာရင်များထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်ရန်။
(၁၅) တိပိဋက ချီးကျူးပူဇော်ပွဲ၊ မဟာဘွဲ့နှင်းသဘင်၊ စူဠဘွဲ့နှင်းသဘင် အခမ်းအနားများကျင်းပ၍ စာအောင်ဆုများ ဆက်ကပ်ခြင်းတို့ကို ဆောင်ရွက်ရန်။
(၁၆) ဆဋ္ဌသင်္ဂါယနာတင် ပါဠိတော်၊ အဋ္ဌကထာ ဋီကာကျမ်း၊ ပါဠိတော်-မြန်မာပြန် ကျမ်း၊ တိပိဋက ပါဠိ-မြန်မာအဘိဓာန်ကျမ်း၊ မဟာဗုဒ္ဓဝင်ကျမ်း၊ စာသင်သားသုံး ပြဋ္ဌာန်းကျမ်း၊ ပညာရှင်များပြုစုရေးသားသောကျမ်းစာအုပ်များကို ဆဋ္ဌ သင်္ဂါယနာ မူမပျက် ပုံနှိပ်ထုတ်ဝေဖြန့်ချီရန်။
(၁၇) နိုင်ငံတော်မူဝါဒများနှင့်အညီ စီမံကိန်း၊ စီမံချက်များ ရေးဆွဲ အကောင် အထည်ဖော်ဆောင်ရွက်ရန်။
(၁၈)နှစ်(၃၀)စီမံကိန်း ရည်မှန်းချက်များကို မျက်ခြေမပြတ် ပြန်လည်ဆန်းစစ်၍ အချိန်ကာလ အားလျော်စွာ (၅)နှစ်စီမံကိန်းများအတိုင်း အကောင်အထည် ဖော်ရန်။
(၁၉) E-Geoverment လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ရေး ဆောင်ရွက်ရန်။
(၂၀) ဝန်ထမ်းများ လုပ်ငန်းတွင် စွမ်းဆောင်ရည်မြင့်မားရေး သင်တန်းများ ဖွင့်လှစ်ခြင်း၊ သက်ဆိုင်ရာသင်တန်းများသို့ ပို့လွှတ်၍ သင်တန်းများ တက်ရောက်စေခြင်းတို့ကို ဆောင်ရွက်ရန်။
(၂၁) နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဝန်ထမ်းများ စည်းကမ်း လိုက်နာရေးနှင့် အကျင့်စာရိတ္တမြင့်မာရေးအတွက် စာကြည့်တိုက် ဖွင့်လှစ် ခြင်း၊ ဓမ္မစာပေသင်တန်းပို့ချခြင်း၊ ဟောပြောခြင်းများ ဆောင်ရွက်ရန်။
(၂၂) တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများ၊ ရုံးလုပ်ငန်းများကို စီမံ ကြီးကြပ်ဆောင်ရွက်ရန်။
(၂၃) သမိုင်းဝင်ထင်ရှားသည့် သာသနိကအဆောက်ဦများ ရေရှည်တည်တံ့ ခိုင်မြဲရေး ထိန်းသိမ်းစောင့်ရှောက်ရန်။
(၂၄) သာသနာရေးဝန်ကြီးဌာန၏လမ်းညွှန်မှုကိုခံယူ၍ သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်တို့နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်။

လုပ်ငန်းတာဝန်များ
(၁ ) နိုင်ငံတော်က အသိအမှတ်ပြုထားသည့် ဗုဒ္ဓဘာသာနှင့် အခြားဘာသာများ ဖြစ်သည့် ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ နတ်ကိုးကွယ်မှုနှင့် အခြားဘာသာ များအား တတ်နိုင်သမျှစောင့်ရှောက်ရန်။
(၂ ) နှစ်သက်ရာ ဘာသာတရားကိုးကွယ်ခွင့်နှင့် တစ်ဘာသာနှင့် တစ်ဘာသာ ထိခိုက်ပုတ်ခတ်မှုမရှိလျှင် ဘာသာ သာသနာကိစ္စဆောင်ရွက်ခြင်းတို့ကို အားပေးကူညီရန်။
(၃) ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့နှင့် အလားတူအဖွဲ့များ၏ ဆွေးနွေးပွဲများနှင့် မှန်ကန်သောဆောင်ရွက်မှုများကို အားပေးကူညီရန်။
(၄ ) သာသနာရေးဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော ဘာသာရေး အဖွဲ့အစည်းများနှင့် ရင်းနှီးစွာဆက်ဆံခြင်း၊ ဘာသာရေးအခမ်းအနားများသို့ အခါအားလျော်စွာတက်ရောက်ခြင်းများကို ဆောင်ရွက်ရန်။
(၅ ) ကိုးကွယ်သော ဘာသာအလိုက် ဘာသာရေးဆိုင်ရာ နေ့ကြီးရက်ကြီး များကို ရုံးပိတ်ရက်သတ်မှတ်နိုင်ရန် အထက်အဖွဲ့အစည်းများသို့ တင်ပြ ပေးခြင်း၊ ဘာသာရေးဆိုင်ရာ ကျင်းပခွင့်ရရှိရေး၊ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ရန်။
(၆) ဘာသာအသီးသီး၏ ပြင်ပ၌ကျင်းပပြုလုပ်သော ဘာသာရေးဆိုင်ရာအခမ်း အနားများ၊ ပြိုင်ပွဲများ၊ Intefaith များသို့ ဘာသာအသီးသီးမှ သတ်မှတ် ထားသည့် အရည်အချင်းမှီပုဂ္ဂိုလ် တက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက် ပေးရန်။
(၇ ) တစ်နိုင်ငံလုံးရှိ ဝါဆိုသံဃာစာရင်နှင့် ဗုဒ္ဓဘာသာသီလရှင်စာရင်းများ၊ အခြားဘာသာများ၏ အသင်းအဖွဲ့စာရင်းများကို ပြည့်စုံစွာထိန်းသိမ်း ထားရှိရန်။
(၈) နိုင်ငံတော် ဆရာတော်ကြီးများအား နေ့စဉ်ဆွမ်းဆက်ကပ်ရေးကိစ္စ၊ ဆရာတော်ကြီးများ၏ ကျန်းမာရေးကိစ္စ၊ သာသနာရေးဆိုင်ရာ အစည်း အဝေးများ၊ အခမ်းအနားများတွင် ဆွမ်းဆက်ကပ်ရေးကိစ္စများနှင့် အခြားသော ရုံးကိစ္စများကို တာဝန်ယူကြီးကြပ်ဆောင်ရွက်ရန်။
(၉ ) နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်ဆရာကြီးများ ကမ္ဘာအေးကုန်းမြေ မဟာနာယကကျောင်းဆောင်တွင် (၄)လတစ်ကြိမ် အလှည့်ကျသီတင်းသုံး သည့် (၁၅)ပါးအဖွဲ့ခွဲ အပတ်စဉ်အစည်းအဝေးကျင်းပခြင်း၊ (၄)လတစ်ကြိမ် (၄၇)ပါးစုံညီအစည်းအဝေး ပြုလုပ်ခြင်း၊ တစ်နှစ်လျှင်တစ်ကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အစည်းအဝေးပြုလုပ်ခြင်း၊ ဂိုဏ်းပေါင်းစုံသံဃာ့ အစည်းအဝေး ကြီး ကျင်းပခြင်းတို့ကို စီမံဆောင်ရွက်ပေးရန်။
(၁၀) ဗဒ္ဓသိမ် သမုတ်ရန်ကိစ္စ၊ သာသနာ့မြေလျှောက်ထားရန်ကိစ္စများကို တိုင်း ဒေသကြီး/ပြည်နယ်သာသနာရေးမှူးများမှစိစစ်၍ ဆောင်ရွက်ရန်။
(၁၁) သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၊ သာသနာ့နွယ်ဝင်သီလရှင်အဖွဲ့အစည်း အဆင့်ဆင့် ရွေးချယ်ဖွဲ့စည်ခြင်း၊ သံဃာ့အစည်းအဝေးများ ပြုလုပ်ခြင်း၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ စိစစ်တင်ပြခြင်း၊ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပွဲ ကျင်းပခြင်းတို့ကို ဆောင်ရွက်ရန်။
(၁၂) ဘုရားဂေါပကအဖွဲ့များ၏စာရင်းနှင့် ဂေါပကစည်းမျဉ်းများ စနစ်တကျ ဖြစ်စေရေး ကြပ်မတ်ခြင်း၊ အခြားဘာသာများနှင့်ပတ်သက်သော ဘာသာရေး အဆောက်အဦများ စာရင်းပြုစုထိန်းသိမ်းထားရှိရန်။
(၁၃) ဝိနည်းဓမ္မကံမှုခင်းဆိုင်ရာ အမှုတွဲများကို မှုခင်းအလိုက်၊ ဒေသအလိုက် စနစ်တကျထိန်းသိမ်းထားရှိရန်။
(၁၄) နိုင်ငံတော်သံဃမဟာနာယက စာကြည့်တိုက်အတွက် လိုအပ်သော ကျမ်းစာအုပ်များ စုဆောင်ပြီး ထိန်းသိမ်းခြင်း၊ ငှါးရမ်းခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ရန်။
(၁၅) ပထမပြန်၊ ဓမ္မာစရိယ၊ တိပိဋကဓရ ရွေးချယ်ရေးနှင့် နိကာယ်စာမေးပွဲများ၊ အဘိဓမ္မာနှင့်ဝိသုုဒ္ဓိမဂ်စာမေးပွဲများကို နှစ်စဉ်ကျင်းပနိုင်ရေးနှင့် စာဖြေဌာန ဖွင့်လှစ်ခြင်း၊ လျှို့ဝှက်မေးခွန်းထုတ်ခြင်း၊ အဖြေစစ်ဆေးခြင်း၊ အောင်စာရင်း ထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်ရန်။
(၁၆) တိပိဋကဓရ စာအောင်သံဃာတော်များအား ဂုဏ်ပြုချီးကျူးပူဇော်ပွဲ ပြုလုပ်ရန်။
(၁၇) မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို ရန်ကုန်မြို့နှင့်မန္တလေးမြို့တို့တွင် တစ်လှည့်စီကျင်းပခြင်းတို့ကို ဆောင်ရွက်ရန်။
(၁၈) စာမေးပွဲအောင်စာရင်းများ၊ စာဖြေ စာအောင်သံဃာများစာရင်း မှတ်တမ်း များကို စနစ်တကျထိန်းသိမ်းထားရှိရန်။
(၁၉) ဒေသအတွင်း ပရိယတ္တိစာမေးပွဲဆိုင်ရာ သွင်း၊ ဖြေစာရင်းများ စနစ်တကျ ရှိရေး၊ စာမေးပွဲသန့်ရှင်း၍ စနစ်တကျရှိစေရေးအတွက် စာမေးပွဲကြီးကြပ်ရေး အဖွဲ့ဆရာတော်များနှင့် ညှိနှိုင်းဆောင်ရွက်ရန်။
(၂၀) ထေရဝါဒနှင့်ညီညွတ်သော စာအုပ်စာပေဖြစ်စေရန် စိစစ်ပေးခြင်းနှင့် ကိုးကွယ်ရာဘာသာအလိုက် ဘာသာရေးစာမူများကို စိစစ်အတည်ပြုခြင်း တို့ကို ကြီးကြပ်ဆောင်ရွက်ပေးရန်။
(၂၁) ဆဋ္ဌသင်္ဂါသနာတင် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာကျမ်းစာအုပ်များ၊ ပါဠိတော်မြန်မာပြန် ကျမ်းစာအုပ်များ၊ တိပိဋက ပါဠိမြန်မာအဘိဓာန် ကျမ်းများ၊ မဟာဗုဒ္ဓဝင်ကျမ်းများ၊ ဦးစီးဌာန ပညာရပ်များ ပြုစုထုတ်ဝေ သော ကျမ်းစာအုပ်များ၊ စာသင်သားသုံးပြဋ္ဌာန်းကျမ်းစာအုပ်များကို ဆဋ္ဌ သင်္ဂါယနာမူမပျက် ထိန်းသိမ်းလျက် ပုံနှိပ်ထုတ်ဝေဖြန့်ချီရောင်းချရန်
(၂၂) ပုံနှိပ်ဆိုင်ရာပစ္စည်းများ အလေအလွင့်မရှိအောင် တာဝန်ယူထိန်းသိမ်းခြင်း။
(၂၃) ပုံနှိပ်စက်ကိရိယာများ တာရှည်အသုံးပြုနိုင်ရန် ပြုပြင်ထိန်းသိမ်းရေး၊ ကြံခိုင်ရေးလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်ရန်။
(၂၄) စာအုပ်၊ စာတမ်းများ စျေးနှုန်းတွက်ချက် သတ်မှတ်အတည်ပြုခြင်း၊ ဖြန့်ဖြူး ရောင်းချခြင်း၊ ငွေကြေးများ မှန်ကန်စွာသုံးစွဲအပ်နှံခြင်းများကို ကြီးကြပ် ဆောင်ရွက်ရန်။
(၂၅) E-Geoverment စနစ်အောင်မြင်ရေးအတွက် ပရိယတ္တိစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုသည့်သံဃာတော်များ၊ သီလရှင်များ၊ လူပုဂ္ဂိုလ်များ၏ ဝင်ခွင့်လွှာများ၊ အမှတ်စာရင်းများ၊ အောင်စာရင်းများကို ထိန်းသိမ်း ဆောင်ရွက်ရန်။
(၂၆) သာသနာ့ရောင်ခြည်စာစောင်ကို လစဉ်တည်းဖြတ် ပုံနှိပ်ထုတ်ဝေရန်။
(၂၇)တိပိဋက ပါဠိမြန်မာအဘိဓာန်အုပ်တွဲများ ပုံနှိပ်ထုတ်ဝေခြင်းနှင့် ကျန်ရှိသော တိပိဋက ပါဠိမြန်မာအဘိဓာန်အုပ်တွဲများ ပုံနှိပ်စာမူအဖြစ်ရရှိရေး၊ အဘိဓာန် အဖွဲ့ဆရာတော်များအား လျှောက်ထား၍ ပုံနှိပ်မူကို ပုံနှိပ်တိုက်သို့ အပ်နှံရန်။
(၂၈) သာသနာရေးဦးစီးဌာန၊ ကမ္ဘာအေးပုံနှိပ်တိုက်မှရိုက်နှိပ်သော ကျမ်းစာအုပ် များကို မူပိုင်အဖြစ် ထိန်းသိမ်းထားရှိရန်။
(၂၉) ဆဋ္ဌသင်္ဂါမူကျမ်းစာအုပ်များနှင့် အခြားကျမ်းစာအုပ်များအား ရိုက်နှိပ်ရာတွင် လိုအပ်သည့်ခေတ်နှင့်အညီ စက်ပစ္စည်းများ ဝယ်ယူရန်အတွက် စီမံချက် များ ချမှတ်ဆောင်ရွက်ရန်။
(၃၀) ဦးစီးဌာန ဖွဲ့စည်းပုံနှင့် အင်အားရေးဆွဲခြင်း၊ ဝန်ထမ်းရေးရာကိစ္စရပ်များ၊ ရုံးအမိန့်များ၊ ညွှန်ကြားချက်များ၊ ဝန်ထမ်းမှတ်တမ်းများ ပြုစုထိန်းသိမ်းခြင်း တို့ကို ကြီးကြပ်ဆောင်ရွက်ရန်။
(၃၁) ဝန်ထမ်းများ စည်းကမ်းနှင့် စွမ်းဆောင်ရည်မြင့်မားရေးအတွက် အထောက် အကူရရန်အတွက် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့ကဖွင့်လှစ်သော ဗဟိုဝန်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်)နှင့် ဖောင်ကြီးသင်တန်းများ၊ စာရင်းကိုင် သင်တန်းအမျိုးမျိုး၊ ပင်စင်အထောက်အကူပြုသင်တန်းများ၊ E-Geoverment နှင့်သက်ဆိုင်သည့်သင်တန်းများ၊ အင်္ဂလိပ်စာသင်တန်းများနှင့် အခြား မွမ်းမံသင်တန်းများသို့ ဆက်စပ်သက်ဆိုင်သည့်ဌာနမှ ဝန်ထမ်းများကို ရွေးချယ်စေလွှတ်ရန်။
(၃၂) နိုင်ငံတော်မူဝါဒနှင့်အညီ စီမံကိန်း၊ စီမံချက်များ ရေးဆွဲရာတွင် ကြီးကြပ် ဆောင်ရွက်ရန်။
(၃၃) ဦးစီးဌာနတစ်ခုလုံး၏ သာမန်၊ ငွေလုံးငွေရင်းနှင့် ထောက်ပံ့ငွေအသုံးစရိတ် များကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ ရရှိ သုံးစွဲရေး ဆောင်ရွက်ရန်။
(၃၄) နိုင်ငံတော်ရှိ ကိုးကွယ်ရာဘာသာကြီးများသို့ ခေတ်ကာလနှင့်လျော်ညီစွာ ထောက်ပံ့လှူဒါန်းနိုင်ရေး ဆောင်ရွက်ရန်။
(၃၅) E-Geoverment ဆိုင်ရာ ကွန်ပျူတာမှတ်တမ်းလုပ်ငန်းများကို ကြပ်မတ် ဆောင်ရွက်ခြင်း။
(၃၆) တိုင်းဒေသကြီး/ပြည်နယ်သာသနာရေးမှူးများက ပြည်ထောင်စုဝန်ကြီး ဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့တို့၏လမ်းညွှန်မှုနှင့်အညီ ဘာသာသာသနာကိစ္စ ဆောင်ရွက်ရန်။
(၃၇) ဒေသအတွင်း အရေးပေါ်ကိစ္စများ ပေါ်ပေါက်လာပါက အထက်ဌာနသို့ အလျင်အမြန်သတင်းပို့၍ ညွှန်ကြားမှုခံယူဆောင်ရွက်ရန်။
(၃၈) ဒေသအတွင်း ဝိနိစ္ဆယရေးရာ၊ သာသနာ့ရေးရာ၊ ပညာရေးရာကိစ္စများတွင် သက်ဆိုင်ရာအဖွဲ့များ၏အကူအညီရယူ၍ တာဝန်ခံဆောင်ရွက်ရန်။
(၃၉) သံဃာ့အဖွဲ့အစည်း ဆုံးဖြတ်ချက်၊ ဝိနိစ္ဆယမှုခင်း ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရာတွင် ဒေသလုံခြုံရေးအဖွဲ့များနှင့်ညှိနှိုင်း၍ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်။
(၄၀) ဒေသတွင်းရှိ ဝါဆိုသံဃာစာရင်း၊ ကျောင်းတိုက်စာရင်း၊ အဆောက်အဦ စာရင်းများ Update ဖြစ်စေရေး စီမံဆောင်ရွက်ရန်။
(၄၁) ဒေသတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ အခြားဘာသာခေါင်းဆောင် များသို့ ဆရာဒကာရင်းနှီးမှု၊ မိတ်ဆွေရင်းနှီးမှု ရယူဆောင်ရွက်ထားရန်။
(၄၂) မိမိရုံးအဆောက်အဦနှင့်တကွ လက်အောက်ရုံးများ၏အခြေအနေကို စီမံ ကြီးကြပ်၍ ရုံးဆိုင်ရာစည်းမျဉ်းစည်းကမ်းနှင့်အညီ စနစ်တကျရှိစေရေး စီမံ ဆောင်ရွက်ရန်။
(၄၃) ဆဋ္ဌသင်္ဂါယနာသမိုင်းဝင် ကမ္ဘာအေးမဟာပါသာဏလိုဏ်ဂူတော်ကြီး၊ ကျောင်းဆောင်ကြီး(၄)ဆောင်၊ ဆွမ်းစားကျောင်းဆောင်နှင့် သံဃဆေးရုံ တို့ကို မူလပုံစံမပျက်ထိန်းသိမ်းနိုင်ရေး စီမံဆောင်ရွက်ရန်။
(၄၄)ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာ မော်ကွန်းပြတိုက်၊ ဝိဇယ မင်္ဂလာဓမ္မသဘင်နှင့် မဟာနာယကကျောင်းဆောင်တော်ကြီးတို့ကို ထိန်းသိမ်း ပြုပြင် စောင့်ရှောက်ရန်။
(၄၅) ပုဂံအပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓဓမ္မသဘင်အဆောက်အဦများကို စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ပခုက္ကူမြို့၊ တောင်ဇလပ် လူငယ်ပျိုးခင်းသင်တန်းကျောင်းကို စဉ်ဆက်မပြတ် ရှင်သန်ဖွံ့ဖြိုး တိုးတက်ရေး ကူညီဆောင်ရွက်ရန်။
(၄၆) ဝိနိစ္ဆယမှုခင်းကိစ္စရပ်များ၊ ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းကိစ္စများကို ဖြေရှင််းဆောင်ရွက်ရာတွင် ကြီးကြပ်ဆောင်ရွက်ခြင်းနှင့် မှုခင်းများ လျော့နည်း ကျဆင်းရေး စီမံဆောင်ရွက်ရန်။
(၄၇) တိုင်းဒေသကြီး/ပြည်နယ်သာသနာရေးမှူးများအား သာသနာရေးဦးစီးဌာန (ရုံးချုပ်)၏လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြီးကြပ်မြှင့်တင်ဆောင်ရွက်ရန်။

 

Office Address and Location Map
Location Map: