Follow Us

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ကော့သောင်း ခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ သဘာဝဘေးဖြစ်ပွားခဲ့သည့် ကျေးရွာများအား ထောက်ပံ့ငွေသွားရောက်ထောက်ပံ့

Mon, 09/28/2020 - 03:09

ဘုတ်ပြင်း စက်တင်ဘာ ၂၇

           ယနေ့ ၁၂၂၀ နာရီအချိန် တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေး၊ လွှတ်တော်ကိုယ်စားလှယ်များသည် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဘုတ်ပြင်းမြို့နယ်၊ ထောင်ခမက် ကျေးရွာအုပ်စု၊ ချောင်းကရှက်ကျေးရွာသို့သွားရောက်ပြီး သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ထို့နောက် ၁၂၃၀ နာရီအချိန်တွင် ဘုတ်ပြင်းမြို့နယ်၊ ထောင်ခမက်ကျေးရွာအုပ်စု၊ ချောင်းကရှက်ကျေးရွာ၌ ထောင်ခမက်ကျေးရွာအုပ်စုရှိ သဘာဝဘေးသင့်ပြည်သူများအား ထောက်ပံ့ ငွေပေးအပ်ခြင်းအခမ်းအနားကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဘေးသင့် ပြည်သူများ တက်ရောက်ခဲ့ပါသည်။

      အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင် က အမှာစကားပြောကြားပြီး တာဝန်ရှိသူများက ဘေးသင့်ပြည်သူအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ရာ ဘေးသင့်ပြည်သူများကိုယ်စား ဒေသခံတစ်ဦး က ကျေးဇူးတင်စကားပြောကြားကာ ၁၂၄၅ နာရီအချိန်တွင် အခမ်းအနားပြီးမြောက်ခဲ့ပါသည်။

ထို့နောက် ၁၃၄၅ နာရီအချိန်တွင် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘုတ်ပြင်းမြို့နယ်၊ နို့ငွါး ကျေးရွာအုပ်စု၊ ချောင်းကဖီးကျေးရွာသို့သွားရောက်ပြီး နို့ငွါးကျေးရွာအုပ်စုရှိ သဘာဝဘေးသင့် ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။