Follow Us

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းရှိ သဘာဝဘေး ဖြစ်ပွားခဲ့သည့်ကျေးရွာများအား ထောက်ပံ့ငွေသွားရောက်ထောက်ပံ့ခြင်းနှင့် မြိတ်မြို့နယ် ကျောက်ဖျာမြို့သစ်စီမံကိန်း၊ အုပ်ချုပ်မှုဇုန်တွင် ပါဝင်သော တောင်သူများအားမြေလျေ

Sun, 09/27/2020 - 01:01

မြိတ် စက်တင်ဘာ ၂၆

​          ယနေ့ နံနက် ၀၈၀၀ နာရီအချိန်တွင်  တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်တို့သည် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင်အတူ မြိတ်မြို့နယ် မှ အမြန်ရေယာဉ်ဖြင့် ထွက်ခွာခဲ့ရာ ၀၉၃၀ နာရီအချန်တွင် ကျွန်းစုမြို့၊ စခန်းသစ်ကျေးရွာအုပ်စု၊ စခန်းသစ်ကျေးရွာသို့ ရောက်ရှိခဲ့ပါသည်။

ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြင့်မောင်နှင့်အဖွဲ့သည် စခန်းသစ်ကျေးရွာ၊ သုသာန်ဘုန်းကြီးကျောင်း ဆရာတော်အား ဖူး​မြော်ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ကျွန်းစုမြို့နယ်၊ စခန်းသစ်ကျေးရွာအုပ်စုရှိ သဘာဝဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ ကြပါသည်။

အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး  တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေ၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာမှ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်း (၁၇)မျိုး၊ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့မှ ထောက်ပံ့ပစ္စည်း၊ ကျွန်းစုမြို့နယ်ရှိ အလှူရှင်များ မှ စားသောက်ကုန်များအား  ဘေးသင့်ပြည်သူများထံသို့ ပေးအပ်ရာ ဘေးသင့်ပြည်သူများကိုယ်စား စခန်းသစ်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ၁၀၂၀နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့သည်  အ.ထ.က.စခန်းသစ် (၁၃၀x၃၀)ပေ ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူက ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ ၁၀၄၀နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စခန်းသစ်ကျေးရွာရှိ တိုက်နယ်ဆေးရုံအား ကြည့်ရှုစစ်ဆေးရာ တာဝန်ခံဆရာဝန်က ရှင်းတင်ပြခဲ့ရာ လိုအပ်သည်များ မှာကြားခဲ့ပြီး အဆိုပါဆေးရုံအတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ငွေကျပ် (၅) သိန်းလှူဒါန်းခဲ့ပါသည်။

ဆက်လက်၍ ၁၃၀၀နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျွန်းစုမြို့နယ်၊ တောပြားကျေးရွာအုပ်စု၊ တောပြားကျေးရွာသို့ရောက်ရှိပြီး တောပြား ကျေးရွာ၊ အောင်မင်္ဂလာဘုန်းကြီးကျောင်း ဆရာတော်အားဖူး​မြော်ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ပြီးနောက် ကျွန်းစုမြို့နယ်၊ တောပြားကျေးရွာအုပ်စုရှိ သဘာဝဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ ကြပါသည်။

အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် က အမှာစကား ပြောကြားပြီး  တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ ထောက်ပံ့ငွေ၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီဌာနမှ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်း(၁၇)မျိုး၊ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့မှ ထောက်ပံ့ပစ္စည်း၊ ကျွန်းစုမြို့နယ်ရှိ အလှူရှင်များ မှ စားသောက်ကုန်များအား  ဘေးသင့်ပြည်သူများထံသို့ ပေးအပ်ရာ ဘေးသင့်ပြည်သူများကိုယ်စား တောပြားကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး က ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ ၁၃၃၀ နာရီအချိန်တွင် အခမ်းအနား ပြီးမြောက်ခဲ့ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြိတ်မြို့သို့ အမြန်ရေယာဉ် ဖြင့် ပြန်လည်ထွက်ခွာလာခဲ့ပါသည်။

ယင်းနောက် ၁၄၃၀နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သော မြိတ်မြို့နယ် ကျောက်ဖျာမြို့သစ်စီမံကိန်း၊ အုပ်ချုပ်မှုဇုန်တွင် ပါဝင်သော တောင်သူများ အား မြေလျော်ကြေးနှင့် သီးနှံနစ်နာကြေး ပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ကာ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တောင်သူများထံသို့ မြေလျော်ကြေးနှင့် သီးနှံနစ်နာကြေးများ ပေးအပ်ရာ တောင်သူများကိုယ်စား ဒေသခံတောင်သူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။