Follow Us

တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး လောင်းလုံးမြို့နယ်၊ ကြက်လွှတ် ကျေးရွာ၊ ကြက်လွှတ်ကျေးရွာဘုန်းတော်ကြီးကျောင်းသို့ သာသနာရေးဆိုင်ရာလုပ်ငန်းများအတွက် ထောက်ပံ့လှူဒါန်းငွေပေးအပ်သည့် အခမ်းအနား တက်ရောက်

Wed, 09/23/2020 - 20:16

ထားဝယ် စက်တင်ဘာ ၂၃

၂၃.၉.၂၀၂၀ ရက်နေ့ ၀၉၀၀ နာရီတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျ ဦးဆောင်သော သက်ဆိုင်ရာဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့သည် လောင်းလုံးမြို့နယ်၊ ကြက်လွှတ်ကျေးရွာ၊ ကြက်လွှတ်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သာသနာရေးဆိုင်ရာလုပ်ငန်းများအတွက်ထောက်ပံ့လှူဒါန်းငွေပေးအပ်သည့် အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျမှ အလှူငွေ သိန်း ၂၀၀ ကျပ်အား ပေးအပ်လှူဒါန်းခဲ့ရာ  ကြက်လွှတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ကျော်က လက်ခံရယူခဲ့ကာ  ဆရာတော်အရှင်သူမြတ်များမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ချီးမြှင့်ခဲ့ပြီး ဝန်ကြီးနှင့်အဖွဲ့သည် ဆရာတော် အရှင်သူမြတ်များထံတွင် ရေစက်သွန်းချ သာဓုအနုမောဓနာတရားများနာယူခဲ့ကြောင်း သတင်းရရှိ ပါသည်။