Follow Us

ကွန်ပျူတာတက္ကသိုလ်(မြိတ်)၏ရည်မှန်းချက်နှင့်လုပ်ငန်းတာဝန်များ

Thu, 10/13/2016 - 15:05

Vertical Tabs

About Topic

ရည်မှန်းချက်
     နိုင်ငံတော်ဖွံ့ဖြိုးရေးတွင် သိပ္ပံနှင့်နည်းပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသည်ဖြစ်၍ သိပ္ပံနှင့်နည်းပညာကျွမ်းကျင်သူ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရာတွင် ကျောင်းသား/ကျောင်းသူများ၏ အသိပညာနှင့်အတတ်ပညာ အရည်အသွေးတိုးတက်ရေးနှင့် စဉ်ဆက်မပြတ် ဆည်းပူးလေ့လာနိုင်သော တက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်နိုင်ရန်အတွက် ရည်ရွယ်ပါသည်။ 
     ဒေသဖွံ့ဖြိုးမှုရှိစေရေးနှင့် အရည်အချင်းမီသော ကွန်ပျူတာသိပ္ပံနှင့်နည်းပညာ အတတ် ပညာရှင်များမွေးထုတ်ရေးတွင် အရေအတွက်သာမက အရည်အချင်းပါမြင့်မားတိုးတက်ရေး ဦးတည်ဆောင်ရွက်လျက်ရှိပါသည်။

လုပ်ငန်းတာဝန်များ
(၁) သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာနယ်ပယ်တွင် နိုင်ငံတစ်ခုနှင့်တစ်ခု နည်းပညာကွာဟမှုမရှိစေရေးအတွက် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာအသုံးပြုမှု မြင့်မားလာရေး၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကို ဒေသအလိုက် သင်ယူနိုင်မှုအခွင့်အလမ်းများရရှိ လာစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရန်။
နိုင်ငံတကာ တက္ကသိုလ်များ၏ ဖြစ်ပေါ်တိုးတက်မှုများကို အစဉ်လေ့လာ၍ မိမိ၏ ပညာသင်ကြားမှုစနစ် ခေတ်မီတိုးတက်စေရေးဆောင်ရွက်ရန်။
(၂) ကွန်ပျူတာဘွဲ့ ပညာရေးစနစ်များပီပြင်စွာ အကောင်အထည်ပေါ်လာရေး၊ သင်ရိုးညွှန်းတမ်းများ ခေတ်မီတိုးတက်ရေးအတွက် ကွန်ပျူတာပညာရပ်ဆိုင်ရာ ဖြစ်ပေါ်ပြောင်းလဲနေမှုများအား စဉ်ဆက်မပြတ်လေ့လာသုံးသပ်ညှိနှိုင်း၍ သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများ စိစစ်ဆောင်ရွက်ခြင်း၊ ပြင်ဆင်ရေးဆွဲခြင်းများဆောင်ရွက်ရန်။
(၃) ဒေသအား တိုက်ရိုက်အကျိုးပြုနိုင်သည့် သုတေသနလုပ်ငန်းများဆောင်ရွက်နိုင်ရန်။

Office Address and Location Map
Location Map: