Follow Us

မြိတ်နည်းပညာတက္ကသိုလ်၏ရည်မှန်းချက်နှင့်လုပ်ငန်းတာဝန်များ

Thu, 10/13/2016 - 14:55

Vertical Tabs

About Topic

ရည်မှန်းချက်
(က) နိုင်ငံတော်၏ စီးပွါးရေးဖွံ့ဖြိုးတိုးတက်စေရန်နှင့် ချမ်းသာကြွယ်ဝစေရန်။
(ခ ) စက်မှုသတင်းအချက်အလက်နှင့်နည်းပညာ၊ ပြန်လည်ဖွံ့ဖြိုးမြဲစွမ်းအင်အစရှိသောကဏ္ဍများတွင် သုသေတနလုပ်ငန်းများဆောင်ရွက်၍ ကုန်ထုတ်လုပ်မှုကို အထောက်အကူပြုရန်။
(ဂ ) ဒေသတွင်း သိပ္ပံနှင့်နည်းပညာသင်ယူနိုင်မှု အခွင့်အလမ်းများ ပိုမိုတိုးတက်လာခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ၊ များပြားလာပြီးဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုစေရန်။
(ဃ) သိပ္ပံနှင့်နည်းပညာဆိုင်ရာ ထိုးထွင်းကြံဆမှုနှင့် တီထွင်ဖန်တီးမှုလုပ်ငန်းများ စွမ်းဆောင်နိုင်သောပညာရှင်များ ပေါ်ထွန်းလာစေရန်။
(င) ကမ္ဘာ့ကုလသမ္မဂအဖွဲ့၏ ချမှတ်ထားသော ထောင်စုနှစ်ရည်မှန်းချက်များနှင့်အညီ ကမ္ဘာ့နိုင်ငံများပေါင်းစည်း အကောင်ထည်ဖော်ဆောင်ရွက်သည့် အချိန်တွင်လိုအပ်လာမည့်နည်းပညာရှင်၊ အတတ်ပညာရှင်များနှင့်အင်ဂျင်နီယာများ အသင့်ရှိစေရန်၊ ပြုစုပျိုးထောင်ပေးရန်။

လုပ်ငန်းတာဝန်များ
(က) ဒေသတွင်း အရည်အသွေးပြည့်ဝသော အင်ဂျင်နီယာများ မွေးထုတ်ပေးသည့် တက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်နိုင်ရမည်။
(ခ ) ဒေသတွင်းရှိ စက်မှုလက်မှုလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သော တက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်နိုင်ရမည်။
(ဂ ) အာဆီယံတက္ကသိုလ်ကွန်ရက် AUN (သို့တည်းမဟုတ်) နိုင်ငံတကာမှ အရည်အသွေးအသိအမှတ်ပြုရန် အစစ်ဆေးခံနိုင်သည့် တက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်နိုင်ရမည်။

Office Address and Location Map
Location Map: