Follow Us

ထားဝယ်နည်းပညာတက္ကသိုလ်၏ရည်မှန်းချက်နှင့်လုပ်ငန်းတာဝန်များ

Thu, 10/13/2016 - 14:37

Vertical Tabs

About Topic

ရည်မှန်းချက်
(၁) ဒေသအတွင်းရှိ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများမှ အဆင့်မီသူတိုင်းအင်ဂျင်နီယာပညာရပ်များကိုမိမိဒေသအတွင်း၌ပင် လေ့လာသင်ယူနိုင်ရန်။
(၂) ခေတ်နှင့်အညီဖြစ်ပေါ်လာသော အင်ဂျင်နီယာပညာရပ်များ သင်ကြားပေးနိုင်ရန်။
(၃) နိုင်ငံတော်နှင့်နိုင်ငံသားများအပေါ် အကျိုးပြုနိုင်သောအရည်အချင်းပြည့်ဝသည့် အင်ဂျင်နီယာကောင်းများမွေးထုတ်ပေးနိုင်ရန်။

လုပ်ငန်းတာဝန်များ
(၁)  ပညာသင်ကြားရေး၊ပညာအရည်အသွေးထိန်းကြောင်းရေး။
(၂)  ကျောင်းသားလက်ခံရေး၊ကျောင်းဝင်ခွင့်မူများ ချမှတ်ရေး။
(၃)  သင်တန်းများဖွင့်လှစ်ရေး ဆောင်ရွက်ခြင်း။
(၄)  စာမေးပွဲစစ်ဆေးခြင်း၊အကဲဖြတ်ရေးမူများ။
(၅)  လက်တွေ့သင်တန်းများစီစဉ်ရေး။
(၆)  ဘွဲ့များ၊ဒီပလိုမာများ၊အောင်လက်မှတ်များကို အသိအမှတ်ပြုရေးအပ်နှင်းရေး
(၇)  ကျောင်းသား၊ကျောင်းသူများ ကျောင်းစာသင်ခန်းပြင်ပ ပညာဗဟုသုတ ရရေး
(၈)  ပြည်တွင်း၊ပြည်ပ အဖွဲ့အစည်းများနှင့် ပညာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး။
(၉)  ကျောင်းသား/သူ များ၏ သင်ကြားမှု၊သင်ယူမှုနှင့် IT ဆိုင်ရာအသုံးပြုနိုင်မှု။
(၁၀) ဆရာ/မ များ အရည်အချင်းမြှင့်တင်ရေး၊သင်တန်းပို့ချပေးမှု။
(၁၁) အဆင့်မီ စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ အလုပ်ရုံများ၊ ပရိဘောဂပစ္စည်းများ၊ ခေတ်မီသင်ထောက်ကူပစ္စည်းများ၊ ဘာသာရပ်အလိုက် Lab ပစ္စည်းများ၊ စက်ကိရိယာများ ဖြည့်ဆည်းဆောင်ရွက်ရေး။
(၁၂) ကျောင်းသားများ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် အသင်းအဖွဲ့များ ဖွဲ့စည်းခြင်း၊ကျောင်းတွင်းလှုပ်ရှားမှု၊နှစ်အလိုက် Extra Curriculum အစီအစဉ်များ၌ Activities Plan များရေးဆွဲဆောင်ရွက်ခြင်း။
(၁၃) အခြေခံအဆောက်အအုံများ ဖြည့်ဆည်းပေးခြင်း။
(၁၄) နှစ်အလိုက် ကျောင်းသား/သူများ အရည်အသွေးမြင့်မားရေး၊ဆရာ/မများ အရည်အသွေး မြင့်မားရေးနှင့် သင်ကြားမှုစနစ်၊ စာမေးပွဲ စစ်ဆေးသည့်ပုံစံများ၊ ခေတ်ကာလနှင့်အညီ ပြုပြင်နိုင်ရန်ဆောင်ရွက်ခြင်း၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာများ တိုးမြှင့်သင်ကြား အသုံးပြုခြင်းတို့အား ဆောင်ရွက်ခြင်း။
(၁၅) ပြည်တွင်း၊ပြည်ပအဖွဲ့အစည်းများ၊နိုင်ငံတကာတက္ကသိုလ်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မှု၊ မြန်မာ-ထိုင်း (၂)နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးအခြေအနေ။
(၁၆) နားလည်မှု စာချွန်လွှာသဘောတူညီချက် လက်မှတ်ရေးထိုးနိုင်မှု အခြေအနေ။
(၁၇) သုတေသန ဆောင်ရွက်ထားရှိမှု အခြေအနေနှင့်တိုးတက်မှုအခြေအနေ။
(၁၈) နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံခြားအထောက်အပံ့အကူအညီ ရရှိမှုအခြေအနေနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေ။
(၁၉) e-Government 
လုပ်ငန်းထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်မှုအခြေအနေနှင့် တိုးတက်မှုအခြေအနေ။
(၂၀) မြေယာကိစ္စ ဆောင်ရွက်ထားရှိမှု၊တိုးတက်မှုအခြေအနေ။
(၂၁) လက်ရှိ ဝန်ထမ်းအင်အားအခြေအနေ။
(၂၂) ပညာရေးမြှင့်တင်ရေးအကောင်အထည်ဖော်မှုAssurance စနစ်ထူထောင်ရေးနည်းလမ်းများ။
(၂၃) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဆိုင်ရာ စိန်ခေါ်မှုများအပေါ် ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းများ။

Office Address and Location Map
Location Map: