Follow Us

နည်းပညာအထက်တန်းကျောင်း၏ရည်မှန်းချက်နှင့်လုပ်ငန်းတာဝန်များ

Thu, 10/13/2016 - 13:36

Vertical Tabs

About Topic

ရည်မှန်းချက်
      နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြည်သူတို့၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက် ရန်လိုအပ်သောသက်မွေးပညာရပ်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အသီးသီးအတွက် နည်းပညာနှင့်အတတ်ပညာကျွမ်းကျင်သူများ၊ အသိပညာရှင်များ၊ စက်မှုလက်မှုအတတ်ပညာရှင် များပေါ်ပေါက်လာစေရန်၊ အလုပ်အကိုင်နှင့်လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်လက်မဲ့ပြဿနာများ အထိုက်အလျောက်လျော့စေရေး၊ ဒေသအတွင်းနည်းပညာဆိုင်ရာ လိုအပ်သောအခြေခံလုပ်သားများမွေးထုတ်ပေးရေး၊အခြေခံပညာအထိုက်အလျောက်ရှိရုံနှင့်နည်းပညာဆိုင်ရာသင်တန်းများ သင်ကြားတတ်မြောက်စေရေး တို့ဖြစ်ပါသည်။

လုပ်ငန်းတာဝန်များ
      ဦးစီးဌာနအောက်ရှိကောလိပ်၊ သိပ္ပံ၊ ကျောင်းများဒေသအတွင်း အခြားနိုင်ငံများနည်းတူသင်ရိုးညွှန်းတမ်းများအတိုင်း သင်ကြားနိုင်ရေး၊ ပုံမှန်သင်တန်းများအပြင်(Polytenics Center)များဖွင့်၍ ဒေသအတွင်းနည်းပညာဆိုင်ရာကာလတိုသင်တန်းများဖွင့်လှစ်ခြင်း၊ အောင်လက်မှတ်ဆိုင်ရာအသိအမှတ်ပြုနိုင်ရေးများဆောင်ရွက်ခြင်း၊ ဒေသ၏နည်းပညာနှင့်လူမှုစွမ်းအားဖွံ့ဖြိုးတိုးတက်ရေး၊နည်းပညာဆိုင်ရာပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေနှင့် ဒေသအတွင်းအလုပ်အကိုင်ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုဆောင်ရွက်ရပါသည်။

Office Address and Location Map
Location Map: