Follow Us

အောင်မင်္ဂလာရုပ်ရှင်ရုံ သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် စာချုပ်(မူကြမ်း)များ စိစစ်ရေးကော်မတီဖြင့် စိစစ်သည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

Fri, 08/14/2020 - 22:10

ထားဝယ် ဩဂုတ် ၁၄

          ယနေ့ ၁၄၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ(၂)၌ အောင်မင်္ဂလာရုပ်ရှင်ရုံ သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် စာချုပ်(မူကြမ်း)များ စိစစ်ရေး ကော်မတီဖြင့် စိစစ်သည့် ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တနင်္ဿာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ ကော်မတီဝင်များနှင့် အောင်မင်္ဂလာရုပ်ရှင်ရုံငှားရမ်းသူ တို့ တက်ရောက် ခဲ့ပါသည်။

          အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း က စာချုပ်မူကြမ်းနှင့် ပတ်သက်၍ ပြင်ဆင်ထားသော လိုအပ်ချက်များကို ကော်မတီဝင်များအနေဖြင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ သုံးသပ်ဖြည့်စွက် အကြံပြုဆွေးနွေးပေးစေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ရုပ်ရှင်ရုံငှားရမ်းသူ ဒေါက်တာယုဝါ က အောင်မင်္ဂလာရုပ်ရှင်ရုံ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေအား ရှင်းလင်းတင်ပြခဲ့ပြီး စာချုပ်(မူကြမ်း)များ စိစစ်ရေးကော်မတီဝင် များက အောင်မင်္ဂလာရုပ်ရှင်ရုံသက်တမ်းတိုးစာချုပ်(မူကြမ်း)ကို စိစစ်၍ လိုအပ်ချက်များအား ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြပါသည်။

          ထို့နောက် တနင်္ဿာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း က နိဂုံးချုပ်စကားပြောကာ ၁၅၁၀ နာရီအချိန်တွင် အစည်းအဝေး ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။