Follow Us

ထားဝယ်မြို့၊ လူမှုဖူလုံရေးအဖွဲ့၌ အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ဆဌမအကြိမ် လူမှုဖူလုံရေးထောက်ပံ့ငွေ ပေးအပ်

Fri, 08/14/2020 - 18:06

ထားဝယ် ဩဂုတ် ၁၄

ယနေ့ ၁၀၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရုံးအဖွဲ့ရုံး၊ လူဝင်မှုကြီးကြပ်ရေး နှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးရုံးခန်း၌ တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း က COVID -19 ရောဂါကူးစက်မှုထိန်းချုပ်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ပိတ်သိမ်းထားခဲ့ပြီး စုပေါင်း စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးပြီး ညွှန်ကြားချက်နှင့်ကိုက်ညီသဖြင့် ပြန်လည်ဖွင့်လှစ်ခဲ့သော အလုပ်ဌာန (၈)ဌာန၊ အလုပ်သမားဦးရေ (၃၅၇)ဦးတို့အား အကျိုးခံစားခွင့် လူမှုဖူလုံရေးထောက်ပံ့ငွေ ၄၀% အား ဌာနတာဝန်ခံများထံ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။